Samsung က ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်က Galaxy A16 5G ကို ကြေညာလိုက်ပြီး အခုတော့ 4G Version ကို မိတ်ဆက်လိုက်ပါတယ်။ အဲဒီဖုန်း ၂ လုံးဟာ OS Update နဲ့ Security Patch ကို ၆ နှစ်ကြာ ရရှိမှာ ဖြစ်ပါတယ်။

Samsung Galaxy A16 5G (left) and Galaxy A16 4G (right)

Samsung Galaxy A16 (4G) ရဲ့ Specs တွေဟာ 5G Version နဲ့ များစွာ တူညီပါတယ်။ အဲဒီဖုန်းမှာ 6.7” FHD+ OLED Display ၊ 90Hz Refresh Rate ၊ 25W Charging ထောက်ပံ့တဲ့ 5,000mAh Battery တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 50+5+2MP ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ 13MP ကင်မရာ ပါပါတယ်။ အထူက ၇.၉ မီလီမီတာ ရှိပြီး IP54 ရေစိုခံစံနှုန်း ထည့်သွင်းထားပါတယ်။

Samsung unveils Galaxy A16 4G: Helio G99 chip, 6 years of updates, and an  IP54 rating - NotebookCheck.net News

4G Version မှာ 5G နဲ့ တူညီတဲ့ MediaTek Helio G99 Chip မောင်းနှင်ထားပါတယ်။ 4GB RAM နဲ့ 128GB Storage ထည့်သွင်းထားပြီး 1TB microSD Card စိုက်နိုင်ပါတယ်။ နားကြပ်ပေါက် ပါလာမလားဆိုတာ မသိရသေးပါဘူးး။

Samsung Galaxy A16 (4G) ရဲ့ ဈေးနှုန်းကို မသိရသေးပေမယ့် နိုဝင်ဘာလမှာ ပြင်သစ်မှာ ရောင်းချမှာ ဖြစ်ပါတယ်။ Gray , Green နဲ့ Blue အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Ref : gsmarena