တရုတ်နိုင်ငံက သိပ္ပံပညာရှင်တွေဟာ ကမ္ဘာ့ပထမဆုံးအကြိမ်အဖြစ် ဝက်ရဲ့ အသည်းနဲ့ ကျောက်ကပ်တွေကို လူ့ခန္ဓာကိုယ်ထဲ ပြိုင်တူပူးတွဲအစားထိုးကုသမှုကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့လို့ ဒါဟာ တိရစ္ဆာန်အင်္ဂါအစိတ်အပိုင်းတွေကို လူမှာ အစားထိုးတဲ့ (xenotransplantation) ဆေးပညာနယ်ပယ်အတွက် သမိုင်းဝင်မှတ်တိုင်အသစ်တစ်ခု ဖြစ်လာပါတယ်။

ဒီဆန်းသစ်တဲ့ ခွဲစိတ်မှုကို ဦးနှောက်သေဆုံးနေတဲ့ အသက် ၅၃ နှစ်အရွယ် အမျိုးသားတစ်ဦးအပေါ်မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ်ကနေ ပြန်လည်ငြင်းပယ်မယ့်အန္တရာယ်ကို လျှော့ချနိုင်ဖို့အတွက် သာမန်ဝက်မဟုတ်ဘဲ မျိုးရိုးဗီဇအထူးပြုပြင်ထားတဲ့ ဝက်ရဲ့ အင်္ဂါအစိတ်အပိုင်းတွေကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

China performs world's 1st-ever transplant of pig liver, kidneys into human

ခွဲစိတ်မှုအပြီးမှာတော့ ထူးခြားဆန်းပြားစွာပဲ အဲဒီဝက်အင်္ဂါတွေဟာ လူနာ့ခန္ဓာကိုယ်ထဲမှာ ၅ ရက်နီးပါးအထိ ပုံမှန်အတိုင်း ကောင်းကောင်းမွန်မွန် အလုပ်လုပ်နိုင်ခဲ့ပြီး အဲဒီနောက်မှာတော့ မိသားစုရဲ့ ဆန္ဒနဲ့အညီ လေ့လာမှုစမ်းသပ်ချက်ကို အဆုံးသတ်ခဲ့ပါတယ်။

ဂွမ်ရှီးဆေးတက္ကသိုလ်ရဲ့ ဒုတိယတွဲဖက်ဆေးရုံက သုတေသီတွေ ဦးဆောင်တဲ့အဖွဲ့ရဲ့ ပြောကြားချက်အရ ဒီရလဒ်ဟာ တိရစ္ဆာန်အင်္ဂါအစိတ်အပိုင်း အမြောက်အမြားဟာ လူ့ခန္ဓာကိုယ်ထဲမှာ တပြိုင်နက်တည်း ရှင်သန်အလုပ်လုပ်နိုင်တယ်ဆိုတဲ့ အစောပိုင်း သက်သေအထောက်အထားတစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။

Medical breakthrough: First-ever simultaneous transplant of pig liver and kidney into humans.

ဒါပေမဲ့ အခုလို အံ့ဩစရာကောင်းတဲ့ အောင်မြင်မှု ရရှိခဲ့ပေမယ့်လည်း တိရစ္ဆာန်အင်္ဂါအစိတ်အပိုင်း အစားထိုးကုသမှုဟာ စမ်းသပ်ဆဲအဆင့်မှာပဲ ရှိနေသေးတယ်လို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။

လက်ရှိမှာ ဘေးကင်းစိတ်ချရမှု၊ ကျင့်ဝတ်ပိုင်းဆိုင်ရာ ကိစ္စရပ်တွေအပြင် လူ့ခန္ဓာကိုယ်က လက်မခံဘဲ ငြင်းပယ်တဲ့ စိန်ခေါ်မှုကြီးတွေကိုတော့ ရှင်းရှင်းလင်းလင်း မဖြေရှင်းနိုင်သေးတာကြောင့် အနာဂတ်မှာ လူသားတွေကို အမှန်တကယ် ကယ်ဆယ်နိုင်ဖို့ ဆက်လက်စုံစမ်းစစ်ဆေးရဦးမှာပဲ ဖြစ်ပါတယ်။

Ref: Fossbytes