အမေရိကန် လေတပ် ဗိုလ်ချုပ်ကြီး ခရစ္စတိုဖာ နိုင်မီက အနာဂတ် တိုက်ပွဲတွေမှာ မောင်းသူမဲ့ လေယာဉ်တွေ၊ ကွန်ပျူတာ ဉာဏ်ရည်တု (AI) နည်းပညာတွေနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်တဲ့ လက်နက် စနစ်တွေရဲ့ အခန်းကဏ္ဍက ပိုအရေးပါလာနေတယ်လို့ လွှတ်တော်အမတ်တွေကို သတိပေးလိုက်ပါတယ်။

ဒရုန်းတွေနဲ့ AI နည်းပညာတွေ ပိုမိုလွှမ်းမိုးလာတဲ့ စစ်ဗျူဟာအသစ်ကို ပင်တဂွန် စစ်ဌာနချုပ်အနေနဲ့ အလျင်အမြန် လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ရမှာဖြစ်ပြီး အဲဒီ AI မောင်းသူမဲ့ တိုက်လေယာဉ်တွေဟာ တိုက်ပွဲတွေထဲမှာ လူသား လေသူရဲတွေထက်တောင် ပိုပြီး စွမ်းဆောင်ရည် ကောင်းမွန်လာနိုင်တယ်လို့ အဲဒီ အရာရှိကြီးက ပြောပါတယ်။

US Air Force Warns AI-Powered Robot Fighters Could Surpass Human Pilots

အဲဒီလို အခြေအနေတွေကြောင့် အမေရိကန် လေတပ်ဟာ F-22 Raptor နဲ့ အနာဂတ်မှာ ပေါ်လာမယ့် F-47 တိုက်လေယာဉ်တွေနဲ့အတူ တွဲဖက် ပျံသန်းနိုင်မယ့် စွမ်းဆောင်ရည်မြင့် ဒရုန်းတွေကို တီထွင်နေပါတယ်။

အဲဒီ AI စနစ်သုံး လေယာဉ်တွေကို ကနဦးမှာတော့ စောင့်ကြည့် ထောက်လှမ်းရေး၊ စစ်ဆင်ရေးနဲ့ တိုက်ခိုက်ရေး တာဝန်တွေမှာ အသုံးပြုဖို့ ရည်ရွယ်ထားပြီး နောက်ပိုင်းမှာမှ ပိုမို စွမ်းရည်ပြည့်တဲ့တိုက်ခိုက်ရေး အခန်းကဏ္ဍတွေအထိ တဖြည်းဖြည်း တိုးမြှင့် သွားမယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

US Air Force Says AI Fighter Jets Could Outperform Human Pilots in Future Warfare | Dailyhunt

တရုတ်နိုင်ငံက AI စနစ်သုံး စစ်ဘက်ဆိုင်ရာ နည်းပညာတွေကို အရှိန်အဟုန်နဲ့ မြှင့်တင်နေတဲ့အတွက် အနာဂတ် စစ်ပွဲတွေမှာ ကုန်ကျစရိတ် သက်သာတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒရုန်းအုပ်စုတွေကို အဓိက အားထားရနိုင်တယ်လို့ ပင်တဂွန် အရာရှိတွေက သတိပေးထားပါတယ်။

Ref: Fossbytes