ဗြိတိန်ရဲ့ Suffolk မှာ ဘောလုံးကွင်း ၈၅၀ အရွယ်အစား ရှိတဲ့ Solar Farm ကို တည်ဆောက်ဖို့ Developer တွေက စီစဉ်ထားပါတယ်။ ဒီစီမံကိန်းကို ပြုလုပ်မယ့် EcoPower Suffolk ကုမ္ပဏီဟာ နောက် ၅ နှစ်အတွင်း တည်ဆောက်ဖို့ ရည်မှန်းထားပါတယ်။
ဧက ၁,၅၀၀ (၆၀၇ ဟက်တာ)မှာ Solar Farm ကို တည်ဆောက်မှာ ဖြစ်ပြီး ပြန်လည်ဖြည့်တင်းနိုင်တဲ့ စွမ်းအင် 250 Megawatts (MW) ဝန်းကျင်ထုတ်လုပ်ပေးဖို့ ရည်မှန်းထားပါတယ်။ Solar Farm ကနေ ရတဲ့ လျှပ်စစ်ဓါတ်အားကို ၂၀၃၀ ခုနှစ်မှာ ဖြန့်ဝေပေးဖို့ စီစဉ်ထားပါတယ်။
အဲဒီ ကနေရတဲ့ လျှပ်စစ်ဓါတ်အားဟာ နေအိမ် ၇၅,၀၀၀ အတွက် လုံလောက်မှာ ဖြစ်ပါတယ်။ စီမံကိန်း တည်ဆောက်ဖို့ ၂၀၂၅ ခုနှစ် မတ်လမှာ စတင် ဆွေးနွေးကြမှာ ဖြစ်ပြီး EcoPower Suffolk က ဦးဆောင်မှာ ဖြစ်ပါတယ်။ ဒီစီမံကိန်းအတွက် အစိုးရရဲ့ ခွင့်ပြုချက်ကို ရရှိဖို့ လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။
နေရောင်ခြည် စွမ်းအင်ဟာ ပြန်လည်ဖြည့်တင်းနိုင်ပြီး သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေပါဘူး။ အဲဒီအတွက် ကမ္ဘာအဝန်းမှာ လျှပ်စစ်ဓါတ်အား များစွာ ထုတ်လုပ်နိုင်တဲ့ Solar Farm တွေကို တည်ဆောက်နေတာ ဖြစ်ပါတယ်။
Ref : interesting engineering