Tesla ရဲ့ Optimus လူတူစက်ရုပ်တွေဟာ မြေရှားသတ္တုတွေကို အဓိက အသုံးပြုပြီး တည်ဆောက်ရတာ ဖြစ်ပါတယ်။ အခုတော့ တရုတ်ရဲ့ မြေရှားသတ္တု တင်ပို့မှုကို  ပိတ်ပင်လိုက်တာကြောင့် Optimus လူတူစက်ရုပ် ထုတ်လုပ်မှု နှောင့်နှေးသွားတယ်လို့ Tesla CEO Elon Musk က ပြောပါတယ်။

Elon Musk provides an update on Tesla's Optimus Robot: 'There will be a…' - The Times of India

Musk က တရုတ်ဟာ အဲဒီ မြေရှား သတ္တုတွေကို အမေရိကန် စစ်တပ်အတွက် အသုံးမပြုဘူးဆိုတာကို သေချာအောင် ပြုလုပ်နေတယ်လို့ ပြောပါတယ်။ Musk က Tesla ဟာ မြေရှား သတ္တု တင်ပို့ခွင့် လိုင်စင်ရအောင် တရုတ် အစိုးရနဲ့ ပူးပေါင်းလုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

Elon Musk Talks Up Robot Friends and Tries to Woo Advertisers to X, and More

တရုတ် နဲ့ အမေရိကန်ရဲ့ ကုန်သွယ်ရေး စစ်ပွဲကြောင့် တရုတ်ဟာ အမေရိကန်ကို မြေရှား သတ္တု တင်ပို့မှုကို ရပ်နားလိုက်တာ ဖြစ်ပါတယ်။ တရုတ်က မြေရှားသတ္တုတင်ပို့ဖို့အတွက် လိုင်စင် ရယူရမယ်လို့ ပြောထားပါတယ်။ အဲဒီ လိုင်စင် ရယူဖို့ လအနည်းငယ်ကြာနိုင်တဲ့အတွက် ကမ္ဘာ့ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ ထိခိုက်သွားစေပါတယ်။

Ref: Fossbytes