အမေရိကန် စျေးကွက်အတွင်း တရုတ်နိုင်ငံထုတ် လူတူစက်ရုပ် (Humanoid Robots) အသစ်တွေ ဝင်ရောက်ရောင်းချခွင့်ကို ဒေါ်နယ်ထရန့် အစိုးရအဖွဲ့က တရားဝင် ပိတ်ပင်လိုက်ပါတယ်။ အမေရိကန် ဖက်ဒရယ် ဆက်သွယ်ရေး ကော်မရှင် (FCC) ရဲ့ စည်းမျဉ်းသစ်အရ အမျိုးသား လုံခြုံရေးနဲ့ ဆိုင်ဘာလုံခြုံရေးကို ကာကွယ်ဖို့အတွက် အခုလို ထိန်းချုပ်လိုက်တာပါ။ ဒီပိတ်ပင်မှုထဲမှာ လူတူစက်ရုပ်တွေတင် မကဘဲ တရုတ်ထုတ် စက်ရုပ်ခွေးတွေနဲ့ ဒေတာစင်တာ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်စနစ်တွေမှာ သုံးတဲ့ စွမ်းအင်ပြောင်း အင်ဗာတာတွေပါ ပါဝင်နေပြီး အဲဒီစက်ပစ္စည်းတွေကို စပိုင်လုပ်တာ၊ ဆိုင်ဘာတိုက်ခိုက်တာနဲ့ အချက်အလက် ခိုးယူတာတွေမှာ အသုံးပြုသွားနိုင်တယ်လို့ အမေရိကန် တာဝန်ရှိသူတွေက သတိပေးထားပါတယ်။

Trump administration bans new Chinese humanoid robots - AOL

အခု ပိတ်ပင်မှုဟာ အမေရိကန်ထဲ စျေးကွက်တင်ဖို့ ဒါမှမဟုတ် တင်သွင်းဖို့ ခွင့်ပြုချက် အသစ်လျှောက်ထားတဲ့ ထုတ်ကုန်တွေအတွက်ပဲ အကျုံးဝင်မှာပါ။ အရင်ကတည်းက ခွင့်ပြုချက် ရပြီးသား စက်ပစ္စည်းတွေကိုတော့ ထိခိုက်မှု မရှိပေမဲ့ လိုအပ်လာရင် ခွင့်ပြုမိန့် ပြန်ရုပ်သိမ်းပိုင်ခွင့်ရှိတယ်လို့ FCC က ဆိုပါတယ်။

US bans humanoid robots from China, citing 'unacceptable risks' | Trump  administration | The Guardian

ဒီ အရေးယူပိတ်ပင်မှုကြောင့် ထိခိုက်မှုနဲ့ ရင်ဆိုင်ရတော့မယ့် ကုမ္ပဏီတွေထဲမှာ တရုတ်နိုင်ငံရဲ့ နာမည်ကြီး လူတူစက်ရုပ် ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ Unitree Robotics လည်း အပါအဝင် ဖြစ်ပါတယ်။ တရုတ်အစိုးရဘက်ကတော့ အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီး   နိုင်ငံရဲ့ စက်မှုလုပ်ငန်းတွေနဲ့ ကုမ္ပဏီတွေရဲ့ အကျိုးစီးပွားကို အပြည့်အဝ ကာကွယ်သွားမယ်လို့ တုံ့ပြန်လိုက်ပါတယ်။

Ref : Technology Innovation