နှစ်စဉ် ဒီဇင်ဘာလ ရောက်ပြီဆိုတာနဲ့ Google က Play Store ရဲ့ အကောင်းဆုံး App နဲ့ ဂိမ်းတွေကို ကြေညာလေ့ရှိပါတယ်။ ဒီနှစ်မှာတော့ COVID-19 ကပ်ရောဂါ ဖြစ်နေတဲ့အတွက် ကျန်းမာရေး စောင့်ရှောက်တဲ့ App တွေ အများဆုံးပါလာပါတယ်။ ၂၀၁၉ ခုနှစ်ရဲ့ အကောင်းဆုံး App ဖြစ်ခဲ့တဲ့ Appy Weather ဟာ အိပ်စက်မှု အထောက်အကူပြုတဲ့ Loona App ကို ဒီနှစ်မှာ နေရာဖယ်ပေးလိုက်ရပါတယ်။ Google က အဲဒီ App ဟာ ဒီနှစ်အတွက် Hidden Gem လို့တောင် တင်စားလိုက်ပါတယ်။
Google က ၂၀၂၀ ခုနှစ်ရဲ့ အကောင်းဆုံး ဂိမ်း အဖြစ် Genshin Impact ကို ရွေးချယ်လိုက်ပါတယ်။ RPG ဂိမ်း ဖြစ်ပြီး Open World ဂိမ်းတွေထဲက အကောင်းဆုံး ၁ ခုလို့ ညွှန်းဆိုထားတဲ့အတွက် ဂိမ်မာတွေ မြည်းစမ်းကြည့်သင့်ပါတယ်။
Google Play’s Best Apps of 2020
Best app
Best personal growth apps
Best hidden gem apps
Paperless Post Flyer Invitation Maker
Best everyday essential apps
Best apps for good
GreenChoice: Healthy Grocery Shopping
ShareTheMeal: Donate to Charity and Solve Hunger
Best apps for fun
Dolby On: Record Audio & Music
Bazaart: Photo Editor and Graphic Design
Google Play’s Best Games of 2020
Best game
Best indie games
Best casual games
Harry Potter: Puzzles & Spells
DreamWorks Trolls Pop: Bubble Shooter & Collection
Best innovative games
Best competitive games
The Seven Deadly Sins: Grand Cross
အထက်ဖော်ပြပါ App နဲ့ ဂိမ်းတွေကတော့ ၂၀၂၀ အတွက် အကောင်းဆုံးလို့ Google က ပြောပါတယ်။ စာဖတ်သူတွေလည်း ဘယ် App နဲ့ ဂိမ်းတွေ ကြိုက်သလဲဆိုတာ ကွန်းမန့်မှာ ဆွေးနွေးပေးကြပါဦး။
Ref : androidauthority