ယနေ့ခေတ်မှာ နည်းပညာတွေ အရှိန်အဟုန်နဲ့ တိုးတက်ပြောင်းလဲမှုကြောင့် “ကမ္ဘာကြီးက ရွာကြီးတစ်ရွာ” ဖြစ်လာခဲ့ပါပြီ။ လက်ထဲမှာ ဖုန်းတစ်လုံးရှိရုံနဲ့ ကမ္ဘာတစ်ဝှမ်းကဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို ချက်ချင်းသိရှိလာနိုင်တယ်ဆိုတာကလည်း နည်းပညာတိုးတက်လာမှုတွေရဲ့ သက်သေတစ်ခုပဲဖြစ်ပါတယ်။ လူအများစုကတော့ ဖုန်းတွေကို ဆက်သွယ်ရေးအတွက် အဓိကထားအသုံးပြုကြတယ်ဆိုပေမယ့် နောက်ပိုင်းမှာ နည်းပညာရဲ့အကျိုးကျေးဇူးကြောင့် လူတွေရဲ့ နေ့စဉ်လူမှုဘဝအတွက် အရေးပါတဲ့ကဏ္ဍအသီးသီးမှာပါ တွင်တွင်ကျယ်ကျယ် အသုံးပြုလာနိုင်ပြီဖြစ်ပါတယ်။

အခုဆိုရင် ဖုန်းတွေပေါ်ကနေ စျေးဝယ်လာနိုင်ခြင်း၊ မိုင်ထောင်ချီဝေးတဲ့ နေရာကလူတွေနဲ့ ဆက်သွယ်လာနိုင်ခြင်း၊ နိုင်ငံတကာသတင်းအချက်အလက်တွေကို အချိန်နဲ့တပြေးညီသိရှိလာနိုင်ခြင်း စသည်ဖြင့် လွယ်ကူမြန်ဆန်စွာနဲ့ ထိထိရောက်ရောက်အသုံးပြုလာနိုင်ပြီဖြစ်သလို လူငယ်တွေအနေနဲ့လည်း အရင်ကထက် ပိုမိုမျက်စိတွေပွင့် နားတွေစွင့်လာနိုင်ပြီး ကိုယ်သိချင်တဲ့အကြောင်းအရာတွေ အသိပညာဗဟုသုတတွေကို မျက်စိတစ်မှိတ်အတွင်း လျှင်မြန်စွာ ရှာဖွေလေ့လာဖို့ အင်မတန်လွယ်ကူလာပါတယ်။ အားလပ်ချိန်မှာ သီချင်းနားထောင်မလား ဂိမ်းကစားမလား ရုပ်ရှင်နဲ့ ဗီဒီယိုတွေကြည့်မလား သူငယ်ချင်းမိတ်တွေနဲ့ အလွယ်တကူ ဆက်သွယ်ပြောဆိုမလား စတဲ့အရာတွေလည်း လုပ်ဆောင်နိုင်တာကြောင့် ဖုန်းတွေ နည်းပညာတွေရဲ့ အစွမ်းကတော့ တကယ့်ကိုအံ့မခန်းပဲလို့ဆိုရမှာပါ။

အလုပ်ကိစ္စပဲဖြစ်ဖြစ် ကိုယ်ရေးကိုယ်တာအပန်းဖြေအနားယူချင်လို့ပဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်ရဲ့တစ်နေ့တာအချိန်တော်တော်များများမှာ ဖုန်းတွေကိုအသုံးပြုနေရတဲ့သူတွေအနေနဲ့ သေချာတာတစ်ခုက ကိုယ့်ရဲ့ဖုန်းလေးကို ဖုန်းငွေများများဖြည့်ကြရမှာပါ။ ဒီလို နေ့စဉ်ဖုန်းငွေဖြည့်ကြရတဲ့ သူတွေအတွက် ဖုန်းငွေဖြည့်တိုင်း အလန်းစားဆုလက်ဆောင်တွေရနိုင်မယ့် ထူးထူးခြားခြား အစီအစဉ်အသစ်လေးကို သတင်းကောင်းပါးချင်ပါတယ်။ အဲ့ဒါကတော့ အူရီဒူးရဲ့ ” အခုဖြည့်အခုပေါက်” ရင်ခုန်ဖွယ်ရာဆုလက်ဆောင်တွေ ချက်ချင်းကံထူးနိုင်မယ့် အစီအစဉ်လေးပဲဖြစ်ပါတယ်။ အူရီဒူးအသုံး ပြုသူတွေအနေနဲ့ တစ်နေ့အတွင်း ဖုန်းငွေ ၂၀၀၀ ကျပ်နှင့် အထက်ငွေဖြည့်လိုက်ရုံနဲ့ ရင်ခုန်စရာဆုလက်ဆောင်တွေကို ချက်ချင်းကံထူးနိုင်မှာပါ။

ကံထူးနိုင်မယ့် အလန်းစားဆုလက်ဆောင်တွေကတော့ 500 GB အထိ ဒေတာများ ၊ ၁၀၀,၀၀၀ ကျပ်အထိ ဖုန်းငွေလက်ဆောင်များ၊ အူရီဒူးဆင်းကဒ်အသုံးပြုသူအချင်းချင်းပို့နိုင်မယ့် SMS တို့အပြင် ဂိမ်းဝါသနာရှင်တွေအတွက် ဂိမ်းနှင့်ဂိမ်း Item များဝယ်ယူနိုင်မယ့် Gaming Credit စတဲ့ ရင်ခုန်စရာဆုလက်ဆောင်တွေကို ကံထူးနိုင်မှာဖြစ်ပါတယ်။ ကံထူးသွားတဲ့ ဆုလက်ဆောင်တွေကို (၇)ရက်တိတိ သက်တမ်းသတ်မှတ်ပေးထားတာကြောင့် (၇) ရက်အတွင်း တဝကြီးစိတ်ကြိုက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ကဲဒါဆိုရင် မြန်မာ့အမြန်ဆုံး မိုဘိုင်းကွန်ယက် အူရီဒူးနဲ့အတူ အခုပဲဖုန်းငွေဖြည့်ပြီး ပျော်ရွှင်ရင်ခုန်စရာ ဆုလက်ဆောင်တွေကို ချက်ချင်းရယူလိုက်ကြရအောင်။