Honor က ပြင်သစ်မှာ Honor 200 Lite 5G ကို ကြေညာလိုက်ပြီး 200 Series ရဲ့ ပထမဆုံး ဖုန်း ဖြစ်ပါတယ်။ အဲဒီဖုန်းမှာ 6.7” AMOLED 2412x1080p Display တပ်ဆင်ထားပြီး မျက်လုံး ထိခိုက်မှုကို လျှော့ချပေးတဲ့ TUV Rheinland Certification ရထားပါတယ်။

Honor 200 Lite 5G

Dimensity 6080 Chip မောင်းနှင်ထားပြီး 8GB RAM နဲ့ 8GB Virtual RAM ပါပါတယ်။ Storage က 256GB ဖြစ်ပါတယ်။ Android 14 အခြေပြု MagicOS 8.0 မောင်းနှင်ထားပြီး Honor ရဲ့ AI စွမ်းရည် ပါတဲ့ Magic Portal နဲ့ Magic Capsule ထည့်သွင်းထားပါတယ်။

New Honor 200 Lite appears in France with a promo campaign, few details -  GSMArena.com news

အရှေ့ဘက်မှာ 50MP ကင်မရာ ပါလာပြီး 2D Facial Recognition စွမ်းရည် ပါပါတယ်။ အနောက်ဘက်မှာ 108MP Main , 5MP Ultrawide နဲ့ 2MP Macro ကင်မရာတွေ တပ်ဆင်ထားပါတယ်။ ကင်မရာတွေက 1080p Video တွေ ရိုက်ကူးနိုင်ပါတယ်။ 35W Charging ထောက်ပံ့တဲ့ 4,500mAh Battery တပ်ဆင်ထားပြီး  5G ဆက်သွယ်မှု ပါပါတယ်။

Honor 200 Lite 5G ကို ပြင်သစ်မှာ ၃၂၉ ယူရို သတ်မှတ်ထားပြီး Starry Blue, Cyan Lake နဲ့ Midnight Black အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Ref : gizmochina