ဗြိတိန်မှ Imperial College London နဲ့ ဘရစ်စတို တက္ကသိုလ်မှ သုတေသနပညာရှင်တွေက Aerial Additive Manufacturing (Aerial AM) လို့ ခေါ်တဲ့ အဆောက်အဦး တည်ဆောက်ရေး နည်းလမ်း အသစ်တစ်ခုကို တီထွင်လိုက်ပါတယ်။ အဲဒီ နည်းလမ်းမှာ ကမ္ဘာ့အမြင့်ဆုံး Burj Khalifa မိုးမျှော်အဆောက်အဦးလို လူတွေ တက်ဖို့ခက်ခဲတဲ့ အဆောက်အဦးတွေကို ဒရုန်းလို ပျံသန်းနိုင်တဲ့ စက်ရုပ်တွေနဲ့ တည်ဆောက်မှာ ဖြစ်ပါတယ်။

Flying robot drone workers could help build skyscrapers of future

ဒီနည်းပညာမှာ ပျံသန်းနေတဲ့ ဒရုန်းတွေဟာ 3D Printing နည်းပညာနဲ့ အဆောက်အဦးကို တည်ဆောက်နိုင်ပါတယ်။ ဒီနည်းပညာက သဘာဝဘေးအန္တရာယ်ကြောင့် ပျက်ဆီးသွားတဲ့ အဆောက်အဦးတွေ၊ အခြေခံအဆောက်အဦးတွေကို ပြင်ဆင်ဖို့နဲ့ ဝေးလံခေါင်ဖျားတဲ့ ဒေသတွေမှာ အဆောက်အဦးတွေ တည်ဆောက်ဖို့ အသုံးဝင်ပါတယ်။ ဆွစ်ဇာလန် နိုင်ငံ EMPA DroneHub မှာ ဒီနည်းပညာကို အစောပိုင်း စမ်းသပ်မှုတွေ ပြုလုပ်ထားပြီးပါပြီ။

Flying 3D printing drones developed to create and repair buildings

ဒါပေမယ့် အဆောက်အဦးကို ခိုင်မာစွာ တည်ဆောက်ဖို့၊ Outdoor Navigation ပိုကောင်းဖို့နဲ့ ဒရုန်းများစွာကို စီမံခန့်ခွဲဖို့ စတဲ့ စိန်ခေါ်မှုတွေ ရှိနေပါသေးတယ်။ ဒါပေမယ့် သုတေသနပညာရှင်တွေက Aerial AM ဟာ အဆောက်အဦးတွေကို လျှင်မြန်စွာ၊ ခိုင်မာစွာနဲ့ ဘေးကင်းစွာ တည်ဆောက်ပေးနိုင်မယ်လို့ ယုံကြည်ထားကြပါတယ်။

Ref : Tech Explorers