အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က တရုတ်စစ်တပ်နဲ့ ပတ်သက်နေတယ်ဆိုပြီး Alibaba၊ BYD၊ Baidu အပါအဝင် တရုတ်ကုမ္ပဏီအများအပြားကို အမည်ပျက်စာရင်းထဲ ထပ်မံထည့်သွင်းလိုက်တာကြောင့် နှစ်နိုင်ငံကြား နည်းပညာစစ်ပွဲကတော့ အရှိန်အဟုန်နဲ့ ပြင်းထန်လာနေပြီ ဖြစ်ပါတယ်။

အခုအကြိမ်မှာတော့ လျှပ်စစ်ကား၊ AI နည်းပညာ၊ ဘက်ထရီ၊ ဇီဝနည်းပညာနဲ့ နေရောင်ခြည်စွမ်းအင်သုံး လုပ်ငန်းတွေအထိ ကဏ္ဍစုံ ပစ်မှတ်ထားပြီး ပိတ်ဆို့မှုနယ်ပယ်ကို အကြီးအကျယ် ချဲ့ထွင်လိုက်တာပါ။

ဒီလို သတ်မှတ်ခံရတဲ့ ကုမ္ပဏီတွေဟာ အမေရိကန်ရဲ့ ရင်းနှီးမြှုပ်နှံမှုဈေးကွက်နဲ့ အစိုးရလုပ်ငန်းတွေထဲ ဝင်ရောက်ဖို့ လမ်းစ ပိတ်သွားနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

Pentagon adds Alibaba, BYD and Baidu to Chinese military-linked list

အမည်ပျက်စာရင်းထဲ ထပ်တိုးလိုက်တဲ့အထဲမှာ ကမ္ဘာသိ အရပ်ဘက် အမှတ်တံဆိပ်ကြီးတွေဖြစ်တဲ့ အွန်လိုင်းစျေးကွက်ကြီး Alibaba၊ ရှာဖွေရေးအင်ဂျင် Baidu၊ လျှပ်စစ်ကားထုတ်လုပ်ရေးလုပ်ငန်းကြီးတွေဖြစ်တဲ့ BYD နဲ့ Nio တို့အပြင် ဆေးဝါးသုတေသနလုပ်ငန်း WuXi AppTec၊ စက်ရုပ်ထုတ်လုပ်ရေးလုပ်ငန်း Unitree နဲ့ ကွန်ရက်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်း TP-Link တို့လို နည်းပညာကဏ္ဍက ထိပ်သီးကုမ္ပဏီတွေ အားလုံးနီးပါး ပါဝင်လာတာပါ။

ဒါဟာ အမေရိကန်နဲ့ တရုတ်နိုင်ငံကြားက နည်းပညာပိုင်းဆိုင်ရာ ပြိုင်ဆိုင်မှုရဲ့ အချက်အချာကျတဲ့ နေရာတွေကို အမေရိကန်ဘက်က တည့်တည့်ဆွဲစိလိုက်တဲ့ သဘောလည်း ဖြစ်ပါတယ်။

Pentagon blacklists Alibaba, BYD and Baidu over alleged military ties - Nikkei Asia

ဒီလုပ်ဆောင်ချက်အပေါ် တရုတ်ကုမ္ပဏီကြီးတွေဘက်ကလည်း မကျေမနပ်နဲ့ ပြန်လည်တုံ့ပြန်လာကြပါတယ်။ အထူးသဖြင့် ကမ္ဘာကျော် South China Mooning Post ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Alibaba ကတော့ သူတို့ဟာ တရုတ်စစ်တပ်နဲ့လည်း ဘာမှမပတ်သက်သလို စစ်ဘက်-အရပ်ဘက် ပူးပေါင်းဆောင်ရွက်ရေး မဟာဗျူဟာတွေမှာလည်း ပါဝင်ခြင်းမရှိကြောင်း ချက်ချင်းငြင်းဆိုထားပြီး၊ သူတို့ကုမ္ပဏီကို အခုလို နာမည်ဖျက်ဖို့ ကြိုးပမ်းမှုမှန်သမျှကို ဥပဒေကြောင်းအရ အစွမ်းကုန် တရားရင်ဆိုင် တိုက်ပွဲဝင်သွားမယ်လို့ ပြတ်ပြတ်သားသား တုံ့ပြန်ထားပါတယ်။

Ref: South China Morning Post