တက္ကဆက်ပြည်နယ် ဟူစတန်မြို့အနီး ကေတီမှာ သောကြာနေ့ညက တက်စလာ ကားတစ်စီး နေအိမ်တစ်လုံးကို ဝင်တိုက်ခဲ့တဲ့အတွက် အဲဒီအိမ်ထဲမှာ ရှိနေတဲ့ အသက် ၇၆ နှစ်အရွယ် မာသာ အာဗီလာ ဆိုတဲ့ အမျိုးသမီးတစ်ဦး သေဆုံးသွားပါတယ်လို့ ဒေသခံရဲတပ်ဖွဲ့က ပြောပါတယ်။

တက်စလာ မော်ဒယ် သရီး ကားဟာ အရှိန်ပြင်းပြင်းနဲ့ လမ်းချော်ပြီး အိမ်ကို ဝင်တိုက်ခဲ့တာဖြစ်ပြီး ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသမီးကို ဆေးရုံကို လေကြောင်းနဲ့ အရေးပေါ် ပို့ဆောင်ခဲ့ပေမယ့် သေဆုံးသွားခဲ့ရပါတယ်။

Getty Images A black steering wheel and large screen to the right which shows lanes of traffic and vehicles in it.

အဲဒီမတော်တဆမှု ဖြစ်ပွားချိန်မှာ ကားမောင်းသူဟာ တက်စလာရဲ့ အလိုအလျောက် မောင်းနှင်မှုစနစ်ကို အသုံးပြုနေခဲ့တယ်လို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ကားမောင်းသူမှာ အရက်သေစာ သောက်စားထားတဲ့ လက္ခဏာမျိုး မတွေ့ရဘူးလို့ ဟဲရစ်ကောင်တီ ရဲအရာရှိရုံးက ပြောပါတယ်။

တက်စလာရဲ့ အလိုအလျောက် မောင်းနှင်မှုစနစ်တွေကြောင့် အရင်ကလည်း အသက်သေဆုံးတဲ့အထိ ပြင်းထန်တဲ့ မတော်တဆမှုတွေ အကြိမ်ကြိမ် ဖြစ်ပွားခဲ့ဖူးပါတယ်။

PPPDAD0205

အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အမေရိကန် ဖယ်ဒရယ် မော်တော်ယာဉ် အန္တရာယ်ကင်းရှင်းရေးအေဂျင်စီ (NHTSA) က တနင်္လာနေ့မှာ စုံစမ်းစစ်ဆေးမှုတွေ စတင်ပြုလုပ်နေပြီ ဖြစ်ပါတယ်။

NHTSA ရဲ့ ပြောရေးဆိုခွင့်ရှိသူက အသေးစိတ် အချက်အလက်တွေကို ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေမယ့် အခုလို ထူးခြားတဲ့ အခြေအနေမျိုးမှာ ဖြစ်ပွားတဲ့ မတော်တဆမှုတွေကို အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ စစ်ဆေးသွားမှာ ဖြစ်တယ်လို့ အဲဒီအေဂျင်စီရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

Ref: The New York Times