အာရှတိုက်၏နှစ်စဉ်ကျင်းပလျက်ရှိသော ၂၀၂၅ ခုနှစ် Boao Forum ဆွေးနွေးပွဲကို တရုတ်နိုင်ငံ၊ ဟိုင်နန်ပြည်နယ်တွင် မတ်လ (၂၅) ရက်နေ့ကကျင်းပခဲ့သည်။ ဤဆွေးနွေးပွဲ၏ (၄)နှစ် ဆက်တိုက် မဟာဗျူဟာမိတ်ဖက်တစ်ဦးနှင့် Boao Forum အာရှဒေသ၏ညွှန်ကြားရေး ဒါရိုက်တာအဖွဲ့ဝင် တစ်ဦးဖြစ်သည့် vivo သည် နောက်ဆုံးပေါ်နည်းပညာများပါဝင်သည့် Blue Technology Matrix (BlueImage, BlueLM, BlueOS, BlueChip, BlueVolt)၊ vivo Vision (vivo MR headset)၊ 6G advancements စသည်တို့ကို ပြသခဲ့သည်။ vivo ၏ မကြာမီထွက်ရှိလာ မည့် Flagship စမတ်ဖုန်းဖြစ်သည့် vivo X200 Ultra သည် “Official Smartphone of Boao Forum For Asia” ခေါင်းစဉ်ဖြင့် ဂုဏ်ပြုချီးမြှင့်ခြင်းခံရခဲ့သည်။
Boao Forum ၏ “vivo Release Moment” အစီအစဉ်တွင် vivo Central Research Institute ၏ ဥက္ကဌ၊ vivo ၏ Chief Operating Officer နှင့် Executive Vice President ဖြစ်သော Hu Baishan သည် “Humanity in the Future of Technology by vivo” ဆိုသည့်ခေါင်းစဉ်နှင့် အမှာစကားပြောကြားခဲ့သည်။မိုဘိုင်းလ်ဖုန်းနယ်ပယ်သည် တရုတ်နိုင်ငံ နည်းပညာဆန်းသစ်တီထွင်မှု၏ သေးငယ်သောကဏ္ဍတစ်ခုဖြစ်ပြီး vivo၏ဖွံ့ဖြိုးတိုးတက်မှုသည် ဤကဏ္ဍ၏တိုးတက် မှုကို ထင်ဟပ်စေကြောင်း Hu က ပြောသည်။ Hu သည် လွန်ခဲ့သည့် ဆယ်စုနှစ်သုံးခုအတွင်း ကျင့်သုံးခဲ့သည့် ကုမ္ပဏီ၏ အဓိကစီးပွားရေးအတွေးအခေါ်များကို အသေးစိတ်ရှင်းလင်းခဲ့ပြီး မတူညီသောရှုထောင့်သုံးခုဖြစ်သည့် ရေရှည်ဝါဒ၊ လူသားဆန်သောတွေးခေါ်မှုနှင့်ပူးပေါင်းဆောင်ရွက်ခြင်း နှင့် အပြန်အလှန်အောင်မြင်မှုအပေါ် အာရုံစိုက်ခဲ့သည်။ ယနေ့အချိန်အထိ vivo သည် တရုတ်ဈေးကွက်တွင် နံပါတ်တစ် ပြည်တွင်းမိုဘိုင်းလ်ဖုန်းအမှတ်တံဆိပ်အဖြစ် လေးနှစ်ဆက်တိုက် ဈေးကွက်ဝေစုရရှိထားပြီး ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံနှင့်ဒေသပေါင်း 60 ကျော်တွင် သုံးစွဲသူ သန်း 500 ကျော်ကို ဝန်ဆောင်မှုပေးလျက်ရှိသည်။
လွန်ခဲ့သည့်ဆယ်စုနှစ်အတွင်း မိုဘိုင်းလ်ဖုန်းလုပ်ငန်းသည် လုပ်ငန်းအသစ်များအတွက် ပျိုးထောင်ပေးသူ အဖြစ် ဆောင်ရွက်ခဲ့ပြီး လူနေမှုပုံစံနှင့် အလုပ်လုပ်ပုံကို ပြောင်းလဲပေးခဲ့ကြောင်းဖြစ်သည်ဟု Hu Baishan မှ ပြောကြားခဲ့သည်။. ယနေ့ခေတ်တွင် AI နှင့်စက်ရုပ်များတိုးတက်မှုသည် ဒစ်ဂျစ်တယ်နှင့်ရုပ်ပိုင်းဆိုင်ရာကမ္ဘာ၏ နည်းပညာဆိုင်ရာ အောင်မြင်မှုများအတွက် အထွတ်အထိပ်ကို ကိုယ်စားပြုသည်။ ဒစ်ဂျစ်တယ်နှင့်ရုပ်ပိုင်းဆိုင်ရာကမ္ဘာသည် တစ်ခုနှင့် တစ်ခု မမှီအခိုကင်းကင်းနှင့် ရပ်တည်နေသော်လည်း ယခုအချိန်ထိ ပြီးပြည့်စုံသောပေါင်းစပ်မှု မဖြစ်ပေါ်သေးပါ။
မိုဘိုင်းလ်ဖုန်းနယ်ပယ်သည် များစွာသောသုံးစွဲသူများ၊ တိုးတက်လျက်ရှိသောနည်းပညာဆိုင်ရာ ဂေဟစနစ်နှင့် အက်ပလီကေးရှင်းအမျိူးမျိုးသည် ထိုမတူသော ကမ္ဘာနှစ်ခုကို ပေါင်းကူးတံတားသဖွယ်ဆောင်ရွက်ပေးနိုင်သည်။ ဒစ်ဂျစ်တယ်ချိတ်ဆက်မှုကို ရုပ်ပိုင်းဆိုင်ရာစွမ်းရည်များပေါင်းစပ်ထားသော စက်ရုပ်များသည် မိုဘိုင်းလ်ဖုန်းလုပ်ငန်း၏ အနာဂတ်ကို ကိုယ်စားပြုနိုင်မည်။ဤအနာဂတ်သည် လူများကိုဦးတည်သည့်တန်ဖိုးများကို ဆက်လက်အလေးပေးမည် ဖြစ်ပြီး အဆုံးစွန်သောအတွေ့အကြုံများကိုဖန်တီးရန်အတွက် အသုံးပြုသူအခြေအနေများကို အာရုံစိုက်မည်ဖြစ်သည်။
ဆက်လက်၍ vivo အနေဖြင့် vivo Robotics Lab ကို တရားဝင်စတင်ခဲ့ပြီဖြစ်ကြောင်း Hu က ပြောကြားခဲ့သည်။vivo ၏ဆယ်စုနှစ်တစ်ခုကြာပြီဖြစ်သော “BlueTech” အတွေ့အကြုံကိုအသုံးချ၍ AI အခြေပြုသင်ယူမှုပုံစံများနှင့် ပုံရိပ်ဖော် ခြင်းကဲ့သို့သော နယ်ပယ်များတွင် vivo Vision မှတစ်ဆင့်စုဆောင်းထားသော real-time spatial computing စွမ်းရည်များနှင့်အတူ vivo သည် စက်ရုပ်များ၏ အဓိကနယ်ပယ်နှစ်ခုဖြစ်သည့် “ဦးနှောက်” နှင့် “မျက်လုံး” တို့ကို ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အာရုံစိုက်သွားမည်ဖြစ်သည်။တစ်ချိန်တည်းမှာပင် vivo သည် သုံးစွဲသူဈေးကွက်နှင့် တစ်ကိုယ်ရေသုံးနှင့်အိမ်သုံး စက်ရုပ်ထုတ်လုပ်ရေးများတွင် တိုးတက်အောင်လုပ်ဆောင်သွားမည်။ ထို့အပြင် ခေတ်မီ နည်းပညာများကို သုံးစွဲသူတွေ၏နေ့စဉ်ဘဝဆီသို့ ယူဆောင်လာပေးနိုင်ရန်ကြိုးစားလျက်ရှိသည်။
ဤနည်းအား ဖြင့် လက်တွေ့ဘဝအခြေအနေများနှင့် သုံးစွဲသူများ၏အားနည်းချက်များအား ဖြေရှင်းရန်၊ထုတ်ကုန်ဖွံ့ဖြိုးတိုးတက်မှုကို ထပ်တလဲလဲလုပ်ဆောင်ရန် စသည်တို့ကို တဖြည်းဖြည်းနှင့် စဉ်ဆက်မပြတ် ဆန်းသစ်တီထွင်မှုများကို လုပ်ဆောင်သွား မည်ဖြစ်သည်။ Boao Forum တွင် ပထမဆုံးအကြိမ် ထုတ်ဖော်ပြသခဲ့သည့် vivo Vision သည် vivo ၏ mixed reality နည်းပညာကိုရှာဖွေရာတွင် သိသာထင်ရှားသော မှတ်တိုင်တစ်ခုဖြစ်သည်။
တစ်ဆက်တည်းတွင် ထွက်ရှိလာတော့မည့် vivo X200 Ultra သည် vivo ၏နောက်ဆုံးပေါ် ပုံရိပ်နည်းပညာတိုးတက်မှုကို ပြသနိုင်မည်ဖြစ်သည်။ ဆက်လက်၍ vivo သည် စက်ရုပ်များက နေ့စဉ်လူနေမှုဘဝကို မြှင့်တင်ပေးမည့် ကမ္ဘာတစ်ခုကိုပုံဖော်နိုင်ရန်မျှော်မှန်းထားပြီး ကမ္ဘာတစ်ဝှမ်း ရှိ အိမ်ထောင်စုများထံ စက်ရုပ်များယူဆောင်လာပြီး လုပ်ဖော်ကိုင်ဖက်များနှင့်အတူ ပူးပေါင်းလုပ်ဆောင်သွားရန် သန္နိဋ္ဌာန်ချထားပါသည်။
Media release: vivo