Meta အမှုဆောင်အရာရှိချုပ် မာ့ခ်ဇူကာဘတ်က အနာဂတ် ဉာဏ်ရည်တု (AI) နည်းပညာနဲ့ ပတ်သက်ပြီး လူတိုင်း ကိုယ်ပိုင် စူပါအသိဉာဏ် (Superintelligence) ကို အသုံးပြုနိုင်မယ့် အမြင်ကို ဖော်ပြတဲ့ ကြေညာစာတမ်းတစ်ရပ် ရေးသားထုတ်ပြန်လိုက်ပါတယ်။

အစိုးရတွေနဲ့ အဖွဲ့အစည်းကြီးတွေကပဲ AI ကို ထိန်းချုပ်ထားတာမျိုး မဖြစ်စေဘဲ သာမန်လူတွေ လက်လှမ်းမီနိုင်မယ့် အနာဂတ်ကို သူက မျှော်လင့်ထားပါတယ်။ သူ့ရဲ့ ကြေညာစာတမ်းမှာ စကားလုံးပေါင်း ၆,၅၀၀ တောင်ပါဝင်ပြီး အောက်မှာ အဓိကအချက်တွေကို အကျဉ်းချုပ်ဖော်ပြလိုက်ပါတယ်။

Mark Zuckerberg's latest manifesto promises to save America with AI

၁။ လူတိုင်း ကိုယ်ပိုင် စူပါအသိဉာဏ် လက်ထောက်တွေ ရရှိလာမယ်

ငွေကြေး၊ ကျန်းမာရေး၊ ပညာရေးနဲ့ အလုပ်အကိုင်တွေမှာ ကူညီပေးနိုင်မယ့် ကိုယ်ပိုင် AI တွေ လူတိုင်းဆီမှာ ရှိလာပါမယ်။

 

၂။ AI ကြောင့် အလုပ်အကိုင် အသစ်တွေ ပိုမိုဖန်တီးနိုင်မယ်

AI ကို အလိုအလျောက်စနစ်ထက် တီထွင်ဖန်တီးမှုတွေမှာ ပိုသုံးလာပြီး အလုပ်အကိုင်သစ်တွေနဲ့ စီးပွားရေးလုပ်ငန်းငယ်တွေ ပေါ်ထွက်လာမယ်လို့ သူက ခန့်မှန်းထားပါတယ်။

 

၃။ အန္တရာယ်ရှိတဲ့ AI ကို ထိန်းချုပ်ဖို့ AI တွေ ပိုမိုဖြန့်ကျက်ရမယ်

အင်အားကြီး AI စနစ်ကို လူတစ်စုတည်းက ထိန်းချုပ်တာထက် လူတိုင်းမှာ AI ရှိနေခြင်းက အပြန်အလှန် ထိန်းကျောင်းနိုင်ပြီး ပိုမိုလုံခြုံမှု ရှိစေမယ်လို့ ယုံကြည်ထားပါတယ်။

Why people aren't buying Mark Zuckerberg's AI future | TechCrunch

၄။ အမေရိကန်က AI ပြိုင်ဆိုင်မှုမှာ အနိုင်ရဖို့ လိုအပ်တယ်

အမေရိကန်နဲ့ ဒီမိုကရေစီနိုင်ငံတွေက AI နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုမှာ ရှေ့ပြေးနေဖို့ လိုအပ်ပြီး အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ရမယ်လို့ တိုက်တွန်းထားပါတယ်။

 

၅။ လူတိုင်းအတွက် AI ကို Meta ကုမ္ပဏီက ထောက်ပံ့ပေးချင်တယ်

အခမဲ့ ဒါမှမဟုတ် သက်သာတဲ့ ဈေးနှုန်းနဲ့ ကိုယ်ပိုင် AI တွေကို လူတွေနဲ့ လုပ်ငန်းငယ်တွေအတွက် Meta က ထောက်ပံ့ပေးသွားဖို့ ရည်ရွယ်ထားပါတယ်။

 

Ref: Khaosod