Huawei ကနေ မြန်မာနိုင်ငံစျေးကွက်ထဲကို စမတ်ဖုန်းတွေတင်မဟုတ်ဘဲ Laptop တွေပါ စပြီးတင်သွင်းလာနေပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လပိုင်းတုန်းက Huawei MateBoook 13 ကို စတင်ရောင်းချလာခဲ့သလို အခုလည်း MateBook D 15 ဆိုပြီး အသစ်ထပ်မံရောင်းချနေပြီလို့ သိရပါတယ်။

အခုစျေးကွက်ထဲမှာ ရောင်းချနေတဲ့ Huawei MateBook D 15 က ယခင်တုန်းက MateBook 13 ထက်တောင် ပိုပြီး စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ ဘာကြောင့်လဲဆိုရင် MateBook D 15 ရဲ့ စျေးနှုန်းဟာ $599 ပဲရှိနေတာကြောင့်ပါ။ အဲ့ဒီအတွက် ငွေကျပ် ၈ သိန်းဝန်းကျင် Laptop တစ်လုံးရှာနေတယ်ဆိုရင် Huawei MateBook D 15 က ရွေးချယ်စရာ Laptop တစ်လုံးဖြစ်လာပါတယ်။

အခု Article မှာတော့ Huawei MateBook D 15 Laptop ကို ဝယ်ယူဖို့စဥ်းစားနေတဲ့သူတွေအနေနဲ့ ဘယ်လိုမျိုး Feature တွေကို မျှော်လင့်နိုင်မလဲဆိုတာကို ပြောပြသွားမှာပါ။

Bigger Display & Lighter Body

Huawei MateBook D 15 Laptop ဟာ Display အနေနဲ့ 15.6″ Screen Size ရှိတဲ့ Full HD IPS Display ကို အသုံးပြုထားတာဖြစ်ပါတယ်။ အဲ့ဒီအတွက် Laptop တစ်လုံးကို ရုပ်ရှင်ကြည့်ဖို့၊ YouTube Video တွေကြည့်သလိုမျိုး Entertainment အတွက် စိတ်ကြိုက်သုံးချင်တဲ့သူတွေအတွက် အကောင်းဆုံးဖြစ်မယ့် Display တစ်ခုဆိုရင်လည်းမမှားပါဘူး။

ဒါပေမယ့် ဒီလိုမျိုး 15.6″ Screen Size ရှိတဲ့ Laptop တစ်လုံးကို သုံးနေရလို့ အပြင်ကိုယူသွားမယ်ဆိုရင် လက်ထဲမှာ အလေးကြီးဖြစ်နေမယ်ဆိုပြီး စိုးရိမ်စရာလည်း မလိုအပ်ပါဘူး။ ဘာကြောင့်လဲဆိုရင် Huawei MateBook D 15 က အလေးချိန်အနေနဲ့ 1.62Kg ပဲရှိနေတာကြောင့်ပါ။ ဒီလိုမျိုး 15.6″ Laptop တစ်လုံးဖြစ်နေပေမယ့် ပုံမှန် 14″ Display နဲ့ Laptop တစ်လုံးထက်တောင် ပိုပြီး ပေါ့ပါးနေတာကတော့ လုံးဝသဘောကျဖို့ကောင်းနေပါတယ်။

Bezel-less Viewing Experience & Privacy Webcam

Huawei MateBook D 15 ရဲ့ Display ကိုကြည့်လိုက်မယ်ဆိုရင် ကြီးမားတဲ့ 15.6″ Full HD IPS Display ကို အသုံးပြုထားတယ်ဆိုပေမယ့် ဘေးဘောင်တွေက လုံးဝကို သေးငယ်နေတာကို ချက်ချင်းသတိထားမိမှာပါ။ ဒါကလည်း Screen-to-Body Ratio က 87% အထိရှိနေသလို Display ရဲ့ အောက်ဖက်ကလွဲရင် ကျန်တဲ့ ဘေးဘောင်တွေက 5.3mm အထိကို ပါးလွှာနေတာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ အချိန်ကြာကြာအလုပ်လုပ်ကိုင်နေရတဲ့သူတွေအတွက်လည်း MateBook D 15 ရဲ့ Display က TÜV Rheinland Certified Display ဖြစ်တဲ့အတွက် မျက်လုံးကိုထိခိုက်စေမယ့် Blue Light တွေကိုလည်း ဖယ်ရှားပေးဦးမှာပါ။

ဒီလိုမျိုး ဘေးဘောင်တွေက 5.3mm အထိ ပါးလွှာနေတာက Webcam ကို ပုံမှန်မြင်နေကြ Display ရဲ့ အပေါ်ဘက်ကနေ Keyboard မှာရှိတဲ့ F6 နဲ့ F7 Key တွေကြားမှာ Pop-up Design လုပ်ပေးထားတာကြောင့်ဖြစ်ပါတယ်။ Design ပိုင်းအရလည်း တခြား Laptop တွေနဲ့ယှဥ်ရင် လုံးဝကွဲထွက်နေတဲ့အပြင် Privacy ကို စိုးရိမ်တဲ့သူတွေအနေနဲ့လည်း လုံးဝ Webcam ကို Keyboard အောက်မှာ မြုတ်ထားနိုင်ဦးမှာဖြစ်ပါတယ်။

Performance & Storage

Huawei MateBook D 15 ဟာ Performance ပိုင်းမှာ Intel Processor တွေအစား AMD ရဲ့ Ryzen 5 3500u Processor ကို အသုံးပြုပေးထားတာဖြစ်ပါတယ်။ RAM အနေနဲ့ 8GB ပါဝင်မှာဖြစ်သလို Storage ပိုင်းမှာလည်း Windows ပိုင်းအတွက် 256GB SSD အပြင် Data တွေကို စိတ်ကြိုက်သိမ်းထားနိုင်ဖို့ 1TB HDD ပါ တွဲလျက်ထည့်သွင်းပေးထားပါတယ်။ Graphic ပိုင်းမှာလည်း Intel ရဲ့ Integrated Graphics ထက် ပိုပြီး စွမ်းဆောင်ရည်ကောင်းမွန်တဲ့ AMD Radeon Vega 8 Graphics က Built-in ပါဝင်မှာဖြစ်ပါတယ်။

Ports & USB-C Fast Charging

လုပ်ငန်းခွင်အတွက် Huawei MateBook D 15 ကို စဥ်းစားနေတယ်ဆိုရင် အရေးကြီးတဲ့အချက်တစ်ခုက ကိုယ့်အတွက် လုံလောက်တဲ့ Ports တွေပါဝင်ဖို့ပါ။ ဒီအတွက်လည်း Huawei MateBook D 15 မှာ Charging အတွက်တင်မဟုတ်ဘဲ Data အတွက်ပါ အသုံးပြုနိုင်မယ့် USB-C Port အပြင် USB 3.0 တစ်ပေါက်၊ USB 2.0 နှစ်ပေါက်နဲ့ HDMI ၊ Headphone Jack တွေအစုံထည့်သွင်းပေးထားပါတယ်။

Huawei MateBook D 15 ဟာ လက်ရှိစမတ်ဖုန်းတွေလိုမျိုးပဲ USB-C ကနေ အားသွင်းတာဖြစ်ပြီး ပါဝင်တဲ့ 65W Charger ကြောင့် Fast Charging နဲ့ 0-53% ကို နာရီဝက်ပဲအချိန်ပေးရမှာဖြစ်ပါတယ်။ အရွယ်အစားကလည်း သေးငယ်တဲ့အပြင် ဖုန်းကိုပါ Fast Charging နဲ့ ပြန်လည်အားသွင်းနိုင်မှာဖြစ်တဲ့အတွက် အပြင်သွားမယ်ဆိုရင် ဖုန်း နဲ့ Huawei MateBook D 15 အတွက် Charger တစ်ခုပဲ သယ်သွားရုံပါပဲ။

Fingerprint & Huawei Share

Huawei MateBook D 15 Laptop ဟာဆိုရင် Power Button မှာ Fingerprint Sensor ကို ထည့်သွင်းပေးထားပြီး Laptop ကို ဖွင့်ဖို့ Power Button နှိပ်လိုက်တာနဲ့ Sign-in Password တွေရိုက်နေစရာမလိုဘဲ ချက်ချင်းကို တန်းသုံးနိုင်မှာပါ။

ဒါ့အပြင် Huawei စမတ်ဖုန်းပါ သုံးနေတယ်ဆိုရင် ထိလိုက်တာနဲ့ တန်းပြီး Data Transfer ပြုလုပ်နိုင်တဲ့ Huawei Share လည်း ပါဝင်ဦးမှာဖြစ်ပါတယ်။

အခုပြောသွားတဲ့အချက်တွေကတော့ Huawei MateBook D 15 ကို ဝယ်ယူဖို့စဥ်းစားနေတယ်ဆိုရင် ရရှိလာမယ့် Feature တွေပဲဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး ငွေကျပ် ၈ သိန်းဝန်းကျင်မှာ Huawei MateBook D 15 က ရွေးချယ်ဖို့တော်တော်လေးကို အားသာချက်တွေများနေတဲ့ Laptop တစ်လုံးလို့ ပြောလို့ရပါတယ်။