Beats လို့ပြောလိုက်ရင် မြန်မာနိုင်ငံက လူငယ်အကုန်လုံးနီးပါးသိကြပါတယ်။ Beats ဆိုတာ Headphone Brand တစ်ခုပါ။
နာမည် အပြည့်အစုံက Beats by Dr. Dre ဖြစ်ပြီး နာမည်ကျော် Rapper Dr. Dre က စထူထောင်ခဲ့တဲ့ Headphone Company ပါ။
စတည်ထောင်ခါစက ဈေးပေါတဲ့ ပစ္စည်းတွေသုံးပြီး ရောင်းဈေးကိုမတန်တစ်ဆတင်ခဲ့တာကြောင့် နာမည်ဆိုးထွက်ခဲ့ပေမယ့် Apple က Beats ကို ဝယ်ပြီးနောက်ပိုင်းမှာတော့ Beats ဆိုတဲ့ Brand အပေါ် အဓိပ္ပါယ်ဖွင့်ဆိုချက်က တစ်မျိုးပြောင်းသွားပါတယ်။
Design
Beats Headphone တွေရဲ့ Design က လုံးဝကို ကွဲလွဲထွက်နေပြီး တပ်ဆင်အသုံးပြုတဲ့သူရဲ့ အဝတ်အစားတွေ နဲ့လိုက်ဖက်အောင် အရောင်မျိုးစုံရွေးချယ်နိုင်တယ်။ ကိုယ်အသုံးပြုနေတဲ့ iPhone အရောင်နဲ့လိုက်ဖက်အောင်လဲရွေးချယ်နိုင်သေးတယ်။Plastic ကိုသုံးထားပေမယ့် High Quality Plastic ဖြစ်လို့ တောက်တောက်ပြောင်ပြောင်နဲ့အရမ်းလှပါတယ်။
W1 Chip
W1 Chip ဆိုတာ Apple က Beats Wireless Headphone တွေအတွက်ထွင်လိုက်တဲ့ Chip ပါ။ အဲ့ဒီ Chip ဟာ Beats Headphone နဲ့ iPhone တွေချိတ်ဆက်ရာမှာ အရမ်းလွယ်ကူစေတယ်။ Headphone ကို iPhone နားယူထားလိုက်တာနဲ့ စတင်ချိတ်ဆက်နိုင်တယ်။
W1 Chip ဟာ Apple Product တွေကလွဲလို့ ဘယ် Device မှာမှမတွေ့နိုင်ပါဘူး။ Power သုံးစွဲနှုန်းကိုလည်း အတော်လျော့ချပေးနိုင်လို့ Music Listening Time ကို အတော်ကြာအောင် ဆွဲ့ဆန့်ပေးနိုင်တယ်။ Fast Charge နည်းပညာတစ်ခုလည်းပါဝင်ပါတယ်။
Audio Quality
iPhone တွေအတွက်ရည်ရွယ်ပြီးထုတ်ထားလို့ Audio Quality ကတော့ ရှယ်ပါပဲ။ Beats Wireless Headphones တွေရဲ့ DSP (Digital Signaling Processor) ဟာ iOS အတွက်သီသန့်ချိန်ညှိထားလို့ iPhone နဲ့ Beats ဟာ Perfect Match ပါ။ တစ်ခြား Wireless Headphones တွေဟာ Android တွေရဲ့ Snapdragon Feature ဖြစ်တဲ့ aptX, aptx HD လို Feature တွေကိုသုံးထားပြီး iPhone တွေမှာ aptX Support မပါလို့ အဆင်မပြေပါဘူး။
နိဂုံးချုပ်အနေနဲ့ပြောရရင် သင်ဟာ iPhone User တစ်ယောက်ဖြစ်ပြီး ပိုက်ဆံတက်နိုင်ပြီး Fashion ကျကျနေတက်တဲ့သူတစ်ယောက်ဆိုရင်တော့ Beats Wireless Headphones တွေက သင့်အတွက်အကောင်းဆုံးပါပဲ။