Microsoft ကနေ လက်ရှိနောက်ဆုံးထွက်ထားတဲ့ Windows Operating System တစ်ခုဖြစ်တဲ့ Windows 10 ကို အသုံးပြုနေတဲ့ Devices ပေါင်း ၁ ဘီလီယံ (သန်း ၁,၀၀၀) ပြည့်သွားပြီလို့ ကြေညာလိုက်ပါတယ်။ အခုလိုမျိုး ရလဒ်ဟာ Windows 10 ကို တရားဝင်မိတ်ဆက်အပြီး ၅ နှစ်ကြာမှ ရရှိလာတာပါ။

Microsoft ရဲ့ ပြောကြားချက်အရတော့ Windows 10 ကို အသုံးပြုနေတဲ့ Devices ပေါင်း ၁ ဘီလီယံခန့်ဟာ နိုင်ငံပေါင်း ၂၀၀ ကျော်အထိ ပျံနှံ့နေပြီဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုမျိုး အသုံးပြုသူ ၁ ဘီလီယံပြည့်တာက Microsoft က အစောပိုင်းခန့်မှန်းခဲ့တဲ့အချိန်ထက် ၂ နှစ်လောက်ကို နောက်ကျနေခဲ့တာဖြစ်ပါတယ်။

လောလောဆယ်မှာ Windows 10 Insider Tester တွေအနေနဲ့လည်း ၁၇.၈ သန်းခန့်ရှိနေပြီဖြစ်သလို နောက်ပိုင်းမှာ Feature အသစ်တွေဆက်ပြီး မိတ်ဆက်သွားဖို့လည်း ကြိုးစားနေတယ်လို့သိရပါတယ်။ အခုလိုမျိုး အသုံးပြုသူ ၁ ဘီလီယံပြည့်သွားတာက သန်း ၉၀၀ ပြည့်ပြီး ၆ လအတွင်းပြည့်သွားတာလည်းဖြစ်ပါတယ်။

Microsoft ကတော့ Windows 10 ဟာ လက်ရှိအချိန်မှာ အမျိုးအစားပေါင်း ၈၀,၀၀၀ ကျော်နဲ့ ထုတ်လုပ်သူ ၁,၀၀၀ ကျော်ဆီက Laptop မျိုးစုံနဲ့ 2-in-1 မျိုးစုံကို Support ပြုလုပ်နေတဲ့တစ်ခုထဲသော Operating System လည်းဖြစ်တယ်ဆိုပြီး ပြောကြားသွားပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး သုံးစွဲတဲ့ Device ပေါင်း ၁ ဘီလီယံပြည့်သွားတာက Microsoft အနေနဲ့ ယခုနှစ်အစောပိုင်းမှာ Windows 7 ကို လုံးဝရပ်ဆိုင်းလိုက်တာကြောင့်လည်းဖြစ်နိုင်ပါတယ်.

Ref – The Verge