Microsoft က ဒီလ ၂၄ ရက်နေ့မှာ ပွဲတစ်ခု ကျင်းပဖို့ရှိပြီး နောက်မျိုးဆက် Windows OS ကို ချပြနိုင်ပါတယ်။ အခုတော့ အဲဒီ Windows 11 ရဲ့ Screenshot တွေ ပေါက်ကြားထွက်ပေါ်လာပါတယ်။ Start Menu နဲ့ Taskbar Icons တွေကို အလယ်ကို ပြောင်းထားတာက Apple macOS နဲ့ ဆင်တူပါတယ်။ Start Menu နဲ့ Icons တွေကို ဘယ်ဘက်ကို ပြောင်းထားဖို့ Settings လည်း ပါပါတယ်။

Start Menu ဒီဇိုင်းကို ပြောင်းလဲထားပြီး Windows 10X နဲ့ တူနေပါတယ်။ မထွက်သေးတဲ့ Windows 10X က ဒီဇိုင်းအများစုကို Windows 11 မှာ အသုံးပြုထားပြီး Live Tiles ကိုလည်း Transparent Icons တွေနဲ့ အစားထိုးထားပါတယ်။

Icons ပြောင်းလဲမှုနဲ့အတူ Start Menu ကိုလည်း ရှင်းလင်းအောင် ပြုလုပ်ထားပြီး Pinned Apps , Recent Files တွေ ထည့်ထားပါတယ်။ Restart နဲ့ Shut Down Buttons တွေ မြန်မြန်ဆန်ဆန် သုံးနိုင်အောင် ပြုလုပ်ပေးထားပြီး Context Menu တွေကို ဒီဇိုင်း ဆန်းသစ်ထားကာ ထောင့်စွန်းတွေက လုံးဝန်းပါတယ်။ Start Menu မှာတောင် ထောင့်စွန်းတွေ လုံးဝန်းပြီး Snapping Feature အသစ်ကို တွေ့ရပါတယ်။

Screenshot တွေအရ Windows 11 ရဲ့ သတင်းအချက်အလက်တွေကို ဒီလောက်ပဲ သိရပါသေးတယ်။ မကြာခင်မှာ Microsoft က Windows 11 ရဲ့ သတင်းအချက်အလက် အသေးစိတ်ကို ကြေညာတော့မှာ ဖြစ်ပါတယ်။

Ref : gsmarena