Xiaomi 15 Ultra ရဲ့ သတင်းများစွာ ပေါက်ကြားထွက်ပေါ်နေပါတယ်။ တရုတ်မှာ ဘယ်နေ့ ကြေညာမလဲ မသိသေးပေမယ့် ကုမ္ပဏီက မတ်လ ၂ ရက်နေ့မှာ နိုင်ငံတကာမှာ မိတ်ဆက်မယ်လို့ အတည်ပြုလိုက်ပါတယ်။

ဒါဟာ ဘာစီလိုနာမှာ Mobile World Congress (MWC) စတင်ကျင်းပမယ့် မတိုင်ခင် နေ့ ဖြစ်တဲ့အတွက် Xiaomi ဟာ အဲဒီပွဲမှာပါ ဖုန်းကို ကြေညာနိုင်ပါတယ်။ ဖုန်းကုမ္ပဏီတွေဟာ MWC မတိုင်ခင် ရက်သတ္တပတ်မှာ ဖုန်းအသစ်တွေကို ကြေညာလေ့ရှိပါတယ်။ MWC ကို တနင်္လာနေ့မှာ ကျင်းပလေ့ ရှိပြီး ဒီနှစ်မှာ မတ်လ ၃ ရက်နေ့မှာ ကျရောက်မှာ ဖြစ်ပါတယ်။

Xiaomi 15 Ultra : une nouvelle fuite révèle l'appareil photo mis à jour du  téléphone phare

၂၀၂၄ ခုနှစ်အတိုင်းဆိုရင် Xiaomi ဟာ 15 Ultra နဲ့အတူ Xiaomi 15 ကိုပါ နိုင်ငံတကာမှာ ဖြစ်ပါတယ်။ Pro Version ကိုတော့ တရုတ်မှာပဲ ရောင်းချနိုင်ပါတယ်။

ပေါက်ကြားသတင်းတွေအရ Xiaomi 15 Ultra မှာ Snapdragon 8 Elite Chipset ပါလာနိုင်ပြီး အနောက်ကင်မရာ ၄ လုံးက 50MP Main 1 Inch Sensor, 50MP Ultrawide, 50MP Short-range Telephoto နဲ့ 200MP Long-range Periscope Telephoto တို့ ဖြစ်နိုင်ပါတယ်။ 6,000mAh Battery နဲ့ 90W Wired, 50W Wireless Charging ပါလာနိုင်ပါတယ်။ Android 15 အခြေပြု Xiaomi HyperOS 2.0 ထည့်သွင်းထားနိုင်ပါတယ်။

Ref : gsmarena