Xiaomi က တရုတ်မှာ Redmi Note 13 Pro+ ကို ကြေညာလိုက်ပြီး မျက်နှာပြင်ကွေး တပ်ဆင်ထားပါတယ်၊ IP68 စံနှုန်း ပါတဲ့ ပထမဆုံး Redmi Note series ဖုန်း ဖြစ်လာပါတယ်။

Redmi Note 13 Pro+

6.67” OLED 1220x2712p မျက်နှာပြင်ကွေး တပ်ဆင်ထားပြီး 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ 1800 Nits Brightness ထုတ်လုပ်ပေးနိုင်ပြီး Gorilla Glass Victus နဲ့ ကာကွယ်ထားပါတယ်။ မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာနဲ့ 16MP အရှေ့ ကင်မရာ ပါပါတယ်။

Samsung’s 200MP ISOCELL HP3 returns again

MediaTek Dimensity 7200 Ultra Chipset မောင်းနှင်ထားပြီး 16GB LPDDR5 RAM နဲ့ 512GB UFS 3.1 Storage အထိ ထုတ်လုပ်ထားပါတယ်။ အပူချိန်ကို လျှော့ချပေးဖို့ ကြီးမားတဲ့ 4000mm2 Graphite Sheet နဲ့ VC Heat Sink ထည့်သွင်းထားပါတယ်။

Note 13 Pro+ features a curved 6.67'' OLED with 1.5K resolution and 120Hz

အနောက်ဘက်မှာ 200MP , 8MP Ultrawide နဲ့ 2MP Macro ကင်မရာ ၃ လုံး တပ်ဆင်ထားပါတယ်။ Android 13 အခြေပြု MIUI 14 မောင်းနှင်ထားပြီး 120W Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါပါတယ်။

Redmi Note 13 Pro+ comes with an IP68 rating

Redmi Note 13 Pro+ ရဲ့ 12/256GB ကို ၁,၉၉၉ ယွမ် (၂၇၃ ဒေါ်လာ)နဲ့ 16/512GB ကို ၂,၂၉၉ ယွမ် (၃၁၄ ဒေါ်လာ) သတ်မှတ်ထားပါတယ်။ တရုတ်မှာ ဒီလ ၂၆ ရက်နေ့ စတင် ရောင်းချမှာပါ။

Ref : gsmarena