ကမ္ဘာ့ အကြီးမားဆုံး နည်းပညာ ပြပွဲ တစ်ခု ဖြစ်တဲ့ Consumer Electronics Show (CES)  2025 မှာ အမိုက်စား Hardware နဲ့ Feature တွေပါတဲ့ နည်းပညာ ကုန်ပစ္စည်းတွေကို အပြိုင်အဆိုင် ကြေညာနေကြပါတယ်။ အဲဒီပွဲမှာ ထူးခြားဆန်းသစ်တဲ့ ပစ္စည်းတွေ သို့မဟုတ် အူကြောင်ကြောင် ပစ္စည်းတွေကိုလည်း ပြသနေကြပါတယ်။

A person wearing a cloak with built-in solar panels for charging devices.

အဲဒီအထဲက တစ်ခုက နာမည်ကြီး Accessory ကုမ္ပဏီ Anker ရဲ့ Solar Panel အင်္ကျီ ဖြစ်ပါတယ်။ CyberPunk 2077 ဖက်ရှင် အင်္ကျီလို့တောင် ပြောနိုင်ပါတယ်။ Anker က ဒါဟာ ကမ္ဘာ့ ပထမဆုံး Solar Panel အင်္ကျီလို့ ပြောထားပါတယ်။

Weirdest Tech Products CES 2025

အဲဒီ အင်္ကျီမှာ Wearable Solar Panel တွေ တပ်ဆင်ထားပြီး Perovskite Solar Cells နဲ့ LED Light Strips တွေ ပါပါတယ်။ အင်္ကျီဟာ နေရောင်ခြည် ကနေ 30W Maximum Input ကို လက်ခံနိုင်ပြီး USB Type-C Output ကနေ ဖုန်းကို အားသွင်းပေးနိုင်ပါတယ်။ အဲဒီအတွက် အင်္ကျီ ဝတ်ထားရင်း ကနေ ဖုန်းကို အားသွင်းနိုင်မှာ ဖြစ်ပါတယ်။

Ref : Gizmochina