Rictor ကုမ္ပဏီက CES 2025 မှာ Skyrider X1 ကို ပြသလိုက်ပြီး ကမ္ဘာ့ ပထမဆုံး မိုးပျံ လျှပ်စစ် မော်တော်ဆိုင်ကယ်လို့ ကြေညာထားပါတယ်။ ဆိုင်ကယ်မှာ ဘီး ၂ ဘီး တပ်ဆင်ထားပြီး လမ်းမပေါ်မှာ မောင်းနှင်နိုင်ပါတယ်။ ပန်ကာ ဒလက် ၈ ခု ပါလာပြီး လေယာဉ်လို ပျံသန်းနိုင်ပါတယ်။ အားအပြည့်သွင်းထားရင် မိနစ် ၄၀ နဲ့ တစ်နာရီ ၆၂ မိုင်အမြန်နှုန်း ပျံသန်းနိုင်ပါတယ်။
ဒီဇိုင်းက ထောင့်ချိုးကျပြီး လှပတဲ့ မျဉ်းကြောင်းတွေ ထည့်သွင်းထားပါတယ်။ စက်ဘီးလိုပဲ လူတစ်ယောက်ထဲ စီးနိုင်မယ်လို့ ထင်ရပါတယ်။ ထူးခြားတာက မောင်းသူမဲ့ နည်းပညာ ပါလာတာပါ။ Rictor က ဆိုင်ကယ်ဟာ ရာသီဥတုနဲ့ လေတိုက်နှုန်း အပေါ်မူတည်ကာ ပျံသန်းရမယ့် အမြင့်နဲ့ လမ်းကြောင်းကို အလိုအလျှောက် တွက်ချက် ပျံသန်းနိုင်တယ်လို့ ပြောပါတယ်။ စီးသူက သွားမယ့် နေရာကို ထည့်သွင်းပေးလိုက်တာနဲ့ အလိုအလျှောက် ပျံသန်းနိုင်ပါတယ်။
လမ်းပေါ်မှာ မောင်းရင် အတားအဆီးနဲ့ မီးပွိုင့်တွေကို အလိုအလျှောက် ဖြတ်ကျော်နိုင်ပါတယ်။ မြေပြင် ကနေ ဝေဟင်၊ ဝေဟင် ကနေ မြေပြင်ကို ဒေါင်လိုက် အတက်အဆင်း ပြုလုပ်နိုင်ပါတယ်။
Rictor က Skyrider X1 ကို ဒေါ်လာ ၆၀,၀၀၀ သတ်မှတ်ထားပါတယ်။ မိုးပျံမော်တော် ဆိုင်ကယ်ဟာ ကားလမ်း ပိတ်တဲ့ မြို့တွေမှာ အသုံးပြုဖို့ အလွန်ကောင်းတဲ့ အိုင်ဒီယာ ဖြစ်ပြီး အနာဂတ်ရဲ့ သယ်ယူပို့ဆောင်ရေး စနစ် ဖြစ်လာနိုင်ပါတယ်။
Ref : techspot