နှစ်ပေါင်း ၁၆၀,၀၀၀ အတွင်း ပထမဆုံးအကြိမ် ရှားပါးတဲ့ ကြယ်တံခွန်ကို လာမယ့်ရက်တွေအတွင်း တစ်ကမ္ဘာလုံးမှာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။
နာဆာ က Comet C/2024 G3 (Atlas) ကြယ်တံခွန်ကို ဘာကိရိယာမှ မလိုဘဲ လူ့မျက်လုံးနဲ့တွေ့မြင်နိုင်ပြီး အလွန်တောက်ပတဲ့ ကြယ်တံခွန် ဖြစ်တယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ကြယ်တံခွန်ဟာ နေနဲ့ အနီးဆုံး တည်နေရာကို ရောက်လာခဲ့ပါတယ်။
ကမ္ဘာကြီးရဲ့ ဘယ်ဒေသတွေကနေ ကြယ်တံခွန်ကို တွေ့မြင်ရမလဲဆိုတာကိုတော့ မသိရသေးပေမယ့် ပညာရှင်တွေက ကြယ်တံခွန်ဟာ ဗီးနပ်စ်ဂြိုလ်လောက် တောက်ပမယ်လို့ ပြောပါတယ်။
ကြယ်တံခွန်ကို နာဆာရဲ့ Asteroid Terrestrial-impact Last Alert System ကနေ ပြီးခဲ့တဲ့နှစ်က တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ဘုရင့် ကောလိပ် လန်ဒန်မှ သုတေသနပညာရှင် ဒေါက်တာ Shyam Balaji က နှစ်ပေါင်း ၁၆၀,၀၀၀ မှာ တစ်ကြိမ်ပဲ တွေ့မြင်နိုင်မယ့် အခွင့်အရေးလို့ ပြောပါတယ်။ တခြား ကြယ်တံခွန်တွေလိုပဲ အဲဒီကြယ်တံခွန်ရဲ့ တောက်ပမှုနဲ့ တွေ့မြင်နိုင်မယ့် ဒေသတွေကို ခန့်မှန်းလို့ မရဘူးလို့ ပြောပါတယ်။
Ref : bbc