ဆွီဒင် သိပ္ပံပညာရှင်တွေက ကင်ဆာ ဆဲလ်တွေကို တိကျစွာ သတ်နိုင်တဲ့ Nano Robots တွေကို တီထွင်လိုက်ပြီး ကင်ဆာ ကုသမှုနည်းပညာကို သမိုင်းသစ်ရေးထိုးနိုင်ခဲ့ပါတယ်။ Nano Bots ဆိုတာကတော့ လူ့ခန္တာကိုယ်ထဲ ထည့်သွင်းနိုင်လောက်အောင် အလွန်သေးငယ်တဲ့ စက်ရုပ်တွေ ဖြစ်ပါတယ်။

Can We Use Nanobots to Cure Cancer? — Futures Platform

ပါမောက္ခ Bjorn Hogberg ဦးဆောင်တဲ့ သုတေသန ပညာရှင် အဖွဲ့ဟာ ဆွီဒင်နိုင်ငံ Solna မှ Karolinska Institutet မှာ အဲဒီ အဆင့်မြင့်နည်းပညာကို ဖန်တီးနိုင်ခဲ့ပါတယ်။

Cancer-fighting nanorobots seek and destroy tumors | ASU News

အဲဒီ စက်ရုပ်လေးတွေမှာ လက်နက် တပ်ဆင်ထားတယ်လို့ ပညာရှင်တွေက ပြောပါတယ်။ ကြွက်တွေနဲ့ စမ်းသပ်တဲ့အခါမှာ ကျန်းမာတဲ့ တစ်သျှူးတွေကို မထိခိုက်စေဘဲ အလုံးအကျိတ်တွေကို စက်ရုပ်တွေက ဖျက်ဆီးပေးနိုင်ပါတယ်။ ရင်သား ကင်ဆာ ရှိတဲ့ ကြွက်မှာ စက်ရုပ်တွေဟာ အကျိတ်ကို ၇၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပါတယ်။

ကင်ဆာ ရောဂါဟာ ကမ္ဘာ့ လူသန်းပေါင်းများစွာကို သတ်နေတဲ့ ရောဂါဆိုးကြီး ဖြစ်ပါတယ်။ အနာဂတ်မှာတော့ ကင်ဆာကို စက်ရုပ်တွေက ကုသပေးနိုင်တော့မှာ ဖြစ်ပါတယ်။

Ref : Somtom