Apple ရဲ့ iPhone တွေကို အဓိက ထုတ်လုပ်ပေးနေတဲ့ Foxconn က တရုတ် စက်ရုပ် ကုမ္ပဏီ UBTech နဲ့ ပူးပေါင်းပြီး လူတူစက်ရုပ်တွေနဲ့ iPhone ထုတ်လုပ်မယ်လို့ ကြေညာလိုက်ပါတယ်။ Consumer Electronics တွေကို စက်ရုပ်တွေနဲ့ အလိုအလျှောက် ထုတ်လုပ်မှာ ဖြစ်ပါတယ်။
UBTech ရဲ့ လူတူစက်ရုပ်တတွေဟာ iPhone တပ်ဆင်ထုတ်လုပ်ဖို့ စွမ်းရည်မြင့်မားတယ်လို့ သိရပါတယ်။ ကုမ္ပဏီ ၂ ခု ပူးပေါင်းပြီး Foxconn ရဲ့ စက်ရုံတွေမှာ စမ်းသပ်မှုတွေ စတင် ပြုလုပ်နေပြီ ဖြစ်ပါတယ်။ Walker S1 စက်ရုပ်ဟာ Shenzhen Longhua စက်ရုံမှာ သယ်ယူပို့ဆောင်ရေးနဲ့ ပတ်သက်ပြီး လေ့ကျင့်နေတာ ၂ လပြည့်သွားပြီ ဖြစ်ပါတယ်။ စက်ရုပ်ဟာ အခြေခံ အလုပ်တွေသာမက ရှုပ်ထွေးတဲ့ အလုပ်တွေကိုလည်း ပြုလုပ်နိုင်ပါတယ်။
Walker S1 ဟာ လူတူစက်ရုပ်တွေထဲမှာ အဆင့်မြင့်မားပြီး လှုပ်ရှားမှု သွက်လက်ပါတယ်။ အလုပ်တွေကို တိကျစွာ ပြုလုပ်နိုင်ပါတယ်။ အရပ်အမြင့် ၅.၆ ပေ ရှိပြီး ၁၆၈ ပေါင် အလေးချိန်ရှိပါတယ်။
Foxconn နဲ့ UBTech တို့ဟာ လူတူစက်ရုပ်တွေနဲ့ iPhone ထုတ်လုပ်ဖို့သာမက အလိုအလျှောက် အလုပ်လုပ်တဲ့ စက်ရုံ ဖြစ်အောင် ရည်မှန်းထားပါတယ်။ UBTech ဟာ ဒီနှစ် ကွာတား ၂ မှာ ပိုအဆင့်မြင့်တဲ့ Walker S2 မော်ဒယ်ကို ထုတ်လုပ်ဖို့ စီစဉ်ထားပါတယ်။
Ref : msn