လူတူစက်ရုပ် တစ်ခုဟာ ဆန်ဖရန်စစ္စကို ညကလပ်မှာ DJ နဲ့ ဖျော်ဖြေခဲ့ပါတယ်။ Phantom MK1 လို့ အမည်ပေးထားပြီး Foundation Robotics Lab က တီထွင်ထားတာ ဖြစ်ပါတယ်။ အဲဒီစက်ရုပ်ဟာ ကလပ်ရဲ့ ၂၅ နှစ်ပြည့် အထိမ်းအမှတ် “GigaParty” မှာ ဖျော်ဖြေခဲ့တာ ဖြစ်ပါတယ်။
အွန်လိုင်းမှာ မျှဝေထားတဲ့ ဗီဒီယို အရ စက်ရုပ်ဟာ DJ တီးခတ်စဉ်မှာ လက်ချောင်းတွေဟာ ချောမွတ်ပြီး တည်ငြိမ်တာကို တွေ့ရပါတယ်။ သီချင်းတွေ ကူးပြောင်းတဲ့အခါမှာလည်း တိကျ မြန်ဆန်ပါတယ်။
အဲဒီစက်ရုပ်ဟာ တိုက်ခိုက်ရေးအတွက် အသုံးပြုဖို့ ထုတ်လုပ်ထားတာ ဖြစ်ပေမယ့် DJ ကိုလည်းကောင်းစွာ တီးခတ်နိုင်ပါတယ်။ ဒါဟာ စက်ရုပ်ကို လူသိရှင်ကြား ထုတ်ပြတဲ့ ပထမဆုံး အကြိမ် ဖြစ်ပေမယ့် ကုမ္ပဏီက အမေရိကန် စစ်တပ်မှာ တခြား Phantom မော်ဒယ်တွေကို အသုံးပြုနေပြီလို့ ပြောပါတယ်။
Phantom MK1 ရဲ့ အလေးချိန်ဟာ ၁၇၅ ပေါင် ရှိပြီး အရပ်အမြင့်က ၁.၇၅ မီတာ (၅ ပေ ၉ လက်မ) ရှိပါတယ်။ သူဟာ ၂၀ ကီလိုဂရမ် (၄၄ ပေါင်) အလေးချိန်ကို သယ်ဆောင်နိုင်ပါတယ်။ Foundation ရဲ့ ဝက်ဘ်ဆိုက်မှာ ပြသထားတဲ့ ဗီဒီယို အရ MK1 ဟာ အဖျော်ယမကာ ဖျော်စပ်တာနဲ့ ဖန်ထုတ်လုပ်တဲ့ လုပ်ငန်းကို လုပ်ကိုင်နိုင်တာကို တွေ့မြင်ရပါတယ်။
Phantom MK1 ရဲ့ ကိုယ်ထည် အထက်ပိုင်းမှာ Processor , Cameras , Batteries နဲ့ Sensors တွေ တပ်ဆင်ထားပါတယ်။ အောက်ပိုင်းမှာ ဟန်ချက်ညီအောင် ထိန်းညှိပေးတဲ့ System ကို ထည့်သွင်းထားပါတယ်။
Ref : interesting engineering