လေ့လာဆန်းစစ်သူ Ming-Chi Kuo က Apple ဟာ လူတူ စက်ရုပ်နဲ့ သာမာန် စက်ရုပ်တွေကို ဖန်တီးဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။ ကုမ္ပဏီက နေအိမ်သုံး စက်ရုပ် လုပ်ငန်းဟာ အလားအလာကောင်းတယ်လို့ ရှုမြင်ထားပါတယ်။ Apple ဟာ အဆင့်မြင့် စွမ်းရည်တွေ ပါတဲ့ Comsumer စက်ရုပ်တွေကို တီထွင်ရောင်းချချင်နေပါတယ်။
Kuo က Apple ဟာ ၂၀၂၈ ခုနှစ်မှာ စက်ရုပ် အများအပြားကို ထုတ်လုပ်မယ်လို့ ခန့်မှန်းထားပါတယ်။ Apple ဟာ ကားစီမံကိန်းကို စွန့်လွှတ်ပြီးနောက်မှာ စက်ရုပ် လုပ်ငန်းဘက်ကို ဦးလှည့်လာတာ ဖြစ်ပါတယ်။
Apple ဟာ စက်ရုပ်တွေ ထုတ်လုပ်ဖို့ ထိပ်တန်း အင်ဂျင်နီယာတွေကို လိုက်ရှာနေပြီး နည်းပညာ တက္ကသိုလ်တွေနဲ့ ပူးပေါင်းထားပါတယ်။ Kuo က Apple ဟာ ဈေးနှုန်း ချိုသာတဲ့ လူတူစက်ရုပ်တွေကို ထုတ်လုပ်ရောင်းချဖို့ ရေရှည်စီမံကိန်း ရေးဆွဲထားတယ်လို့ ပြောပါတယ်။
Elon Musk က Tesla ရဲ့ လူတူစက်ရုပ် လုပ်ငန်းဟာ လျှပ်စစ်ကား လုပ်ငန်းထက် ပိုကောင်းလာမယ်လို့ ခန့်မှန်းထားပါတယ်။ အနာဂတ်မှာ လူသားတွေကို အကျိုးပြုမယ့် စက်ရုပ်များစွာ ထွက်ပေါ်လာနိုင်ပါတယ်။
Ref: Tech Explorers