Google CEO Sundar Pichai က တရုတ် AI Startup ဖြစ်တဲ့ DeepSeek ကို ဒေါ်လာ ၆ သန်းအောက်နဲ့ စွမ်းရည်မြင့် AI ကို ဖန်တီးနိုင်တဲ့အတွက် ချီးကျူးလိုက်ပါတယ်။ AI ကို ဖန်တီးတဲ့ စံနှုန်းက ဒေါ်လာ သန်း ၁၀၀ ဖြစ်တဲ့အတွက်  DeepSeek ဟာ အများကြီး သက်သာနေတာ ဖြစ်ပါတယ်။ Pichai က DeepSeek ရဲ့ လုပ်ရပ်ဟာ အလွန် အလွန် ကောင်းတယ်လို့ ပြောပါတယ်။

Inspiring Success Story of Sundar Pichai - Google's Brightest Star!

Meta ဟာ 16,000 AI Chip ကို အသုံးပြုပြီး AI ကို လေ့ကျင့်သင်ကြားပေးပါတယ်။ DeepSeek ကတော့ 2,000 Chip ကိုပဲ အသုံးပြုထားတဲ့အတွက် ကုန်ကျစားရိတ် အလွန် သက်သာစွာ ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် DeepSeek ကို Open-source ပြုလုပ်ပေးထားတဲ့အတွက် Developer တွေက တီထွင်ဆန်းသစ်မှုများစွာ ပြုလုပ်နိုင်ပါတယ်။

What’s DeepSeek, China’s AI startup sending shockwaves through global tech?

DeepSeek ဟာ အခုဆိုရင် Apple App Store နဲ့ Google Play Store မှာ နာမည်ကြီးနေပြီး AI ပြိုင်ပွဲဟာ တစ်ကမ္ဘာလုံးမှာ ပြင်းထန်လာနေပါပြီ။ Google ဟာ သူ့ရဲ့ စွမ်းရည်အမြင့်မားဆုံး Gemini 2.0 Flash-Lite ကို ဖြန့်ချိထားပါတယ်။

DeepSeek ဟာ မကြာခင်က တစ်ကမ္ဘာလုံးမှာ ရုတ်တရက် နာမည်ကြီးသွားခဲ့ပြီး အမေရိကန် စတော့ဈေးကွက်ကို များစွာ ထိခိုက်စေခဲ့ပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ကတောင် အမေရိကန် နည်းပညာကုမ္ပဏီတွေ နိုးကြားသင့်ပြီလို့ နှိုးဆော်ခဲ့ပါတယ်။

Ref : Tech Explorers