တရုတ်ရဲ့ Tien Kung လူတူစက်ရုပ်ဟာ ဘေဂျင်းမှ Haizi Wall Park ရဲ့ တောင်ထိပ်ကို လှေခါး ၁၃၄ ထစ်ကို တက်ပြီး ကမ္ဘာ့ စံချိန်တင်သွားခဲ့ပါတယ်။

China's Humanoid Robot Conquers 134 Tricky Steps Without S

လူတူစက်ရုပ်ဟာ ဒီလို ရှုပ်ထွေးခက်ခဲတဲ့ လှေခါးထစ်များစွာကို တက်နိုင်ခဲ့တာ ဒါ ပထမဆုံး ဖြစ်ပြီး စက်ရုပ် နည်းပညာမှာ တရုတ်ရဲ့ တိုးတက်မြင့်မားမှုကို ပြသနိုင်ခဲ့ပါတယ်။ တရုတ်ရဲ့ စက်ရုပ် နည်းပညာဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း အလွန် တိုးတက်လာခဲ့ပြီး တရုတ်နဲ့ နိုင်ငံတကာမှာ တရုတ်ရဲ့ စက်ရုပ်များစွာဟာ နာမည်ကြီးလာခဲ့ပါတယ်။

Chinese humanoid robot conquers steep outdoor staircases | Facebook

၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာ တရုတ်ရဲ့ အရွယ်ကြီး Tiangong စက်ရုပ်ဟာ Open Source ဖြစ်လာပြီး တိုးတက်ဖွံ့ဖြိုးအောင် ဆက်လက် တီထွင်ဖို့ လမ်းစပေးခဲ့ပါတယ်။

Tien Kung ကို The National and Local Co-built Embodied AI Robotics Innovation Center က တီထွင်ထားတာ ဖြစ်ပြီး အတားအဆီးတွေကို ကျော်လွှားနိုင်တဲ့ နည်းပညာ ထည့်သွင်းထားပါတယ်။ စက်ရုပ်ဟာ နှင်းတွေပေါ်မှာလည်း လမ်းလျှောက်နိုင်ပြီး တစ်နာရီကို ၇.၄ မိုင် အမြန်နှုန်း ရှိပါတယ်။ ထိခိုက်မှုဒဏ်တွေကို ခံနိုင်ပြီး မာကျောကြံ့ခိုင်ပါတယ်။

လူတူစက်ရုပ်တွေဟာ လှုပ်ရှားမှု အပိုင်းမှာ ကန့်သတ်ချက်တွေ ရှိနေပါသေးတယ်။ Tien Kung ကတော့ ဒါတွေကိုအောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ပါတယ်။

Ref : Interesting Engineering