Mobile World Congress (MWC) 2025 မှာ ထူးခြားဆန်းသစ်တဲ့ ဆက်သွယ်ရေး နည်းပညာ အသစ် တစ်ခုကို pureLiFi က ပြသလိုက်ပါတယ်။ LiFi နည်းပညာ ဖြစ်ပြီး WiFi ထက် အဆ ၁၀၀ လောက်ပိုမြန်ပါတယ်။

diagram showing wireless links through a window between indoor and outdoor units

LINXC Bridge System လို့ အမည်ပေးထားပြီး LiFi နည်းပညာကို အသုံးပြုထားပါတယ်။ Latency ကို နည်းပါးစေသလို Download Speed က 5,000 Megabits Per Second အထိ ရပါတယ်။ ဒေတာ ပေးပို့ဖို့အတွက် WiFi က ရေဒီယိုလှိုင်းတွေကို အသုံးပြုတာ ဖြစ်ပြီး LiFi က Light Signal တွေကို အသုံးပြုပါတယ်။

LiFi က LED မီးလုံးတွေကို အသုံးပြုတဲ့အတွက် စွမ်းအင် စားသုံးမှု နည်းပါးပါတယ်။ LiFi ဟာ WiFi ထက် ပိုမြန်သလို လုံခြုံရေး ပိုကောင်းပါတယ်။ LiFi နည်းပညာဟာ လုံခြုံရေးကောင်းတဲ့အတွက် စစ်တပ်နဲ့ အစိုးရဌာနတွေမှာ အသုံးပြုနေပြီ ဖြစ်ပါတယ်။

purelifi-linxc-bridge-mwc-25-001.png

LiFi မှာ ကြိုးတွေနဲ့ တပ်ဆင်စရာ မလိုဘဲ Indoor Unit နဲ့ Outdoor Unit ၂ ခုကိုပဲ အသုံးပြုထားပါတယ်။ အဲဒီအတွက် တပ်ဆင်ရတာ လွယ်ကူသလို ကုန်ကျစားရိတ် သက်သာပါတယ်။

pureLiFi က LINXC Bridge ကို စမ်းသပ်နေဆဲ ဖြစ်ပြီး ရောင်းချမယ့် အချိန်ကို မပြောသေးပါဘူး။ အမေရိကန်မှာ အရင်ဆုံး ရောင်းချမယ်လို့ ကုမ္ပဏီက ပြောပါတယ်။

ref : cnet