ဒီလအစောပိုင်းမှာ Google က Gemini Live ရဲ့ Camera and Screen Sharing ကို ဖြန့်ချိခဲ့ပေမယ့် Gemini Advanced ကို ဝယ်သုံးတဲ့ Pixel 9 နဲ့ Galaxy S25 Device တွေမှာပဲ အသုံးပြုနိုင်ခဲ့ပါတယ်။

အခုတော့ ကောင်းမွန်တဲ့ Feedback တွေရတဲ့အတွက် Google က Gemini ကို အခမဲ့ သုံးနေတဲ့ Android User အားလုံးအတွက် ဖြန့်ချိပေးလိုက်ပါတယ်။ Google က တစ်ကမ္ဘာလုံးအတွက် ဖြန့်ချိပေးနေတဲ့အတွက် သင့်ဖုန်းမှာ မရသေးရင် ရက်သတ္တပတ်အနည်းငယ်စောင့်ရမှာပါ။

အဲဒီ Feature ကို သုံးရတာ လွယ်ပါတယ်။ Gemini App ကို ဖွင့်ပြီး Gemini Live Icon ကို နှိပ်ပါ။ ပြီးရင် Camera သို့မဟုတ် Screen Share ကို နှိပ်ပါ။ ဒါဆိုရင် သင့် ဖုန်း Camera သို့မဟုတ် Screen မှာ ပေါ်နေတဲ့ အရာတွေကို Gemini ကို မေးမြန်းနိုင်ပါတယ်။ စာရိုက်ပြီးမေးစရာ မလိုတော့ဘဲ သင့် ပတ်ဝန်းကျင်က အရာတွေအကြောင်းကို မြန်မြန်မေးနိုင်တဲ့အတွက် တော်တော် အသုံးဝင်ပါတယ်။ Gemini ကို Follow-up မေးခွန်းတွေလည်း မေးနိုင်ပါတယ်။ Camera ကို အသုံးပြုပြီး သင်္ချာ ပုဒ်စာ၊ ဟင်းချက်နည်း စသဖြင့် မေးမြန်းနိုင်ပါတယ်။ Screen Sharing ကနေ သင့်ဖုန်းမှ App တွေ၊ Settings တွေအကြောင်းကို မေးမြန်းနိုင်ပါတယ်။

Ref : gsmarena