ထိုင်းရဲ့ ပထမဆုံး AI ရဲ စက်ရုပ်ဟာ အများပြည်သူ လုံခြုံရေးအတွက် Nakhon Pathom မှ ဆုန်ခရန် ပွဲတော်မှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

Thailand unveils 'AI police cyborg 1.0' to boost Songkran safety

ထိုင်း တော်ဝင် ရဲတပ်ဖွဲ့က Facebook ကနေ ဧပြီလ ၁၆ ရက်နေ့မှာ “AI Police Cyborg 1.0” လို့ခေါ်တဲ့ အဲဒီ စက်ရုပ်ကို မိတ်ဆက်ခဲ့ပါတယ်။ အမည်ပြောင်က “Nakhon Pathom is safe.” ဖြစ်ပြီး Tonson လမ်းမှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

စက်ရုပ်မှာ အချိန်ပြည့် ဒရုန်းနဲ့ CCTV မှ ဒေတာတွေကို ခွဲခြမ်းစိတ်ဖြာနိုင်တဲ့ AI ထည့်သွင်းထားပါတယ်။ ၃၆၀ ဒီဂရီ စမတ် ကင်မရာတွေ ပါလာပြီး ပြည်နယ်ရဲ့ Command Center နဲ့ ဆက်သွယ်ထားပါတယ်။ ပြဿနာ တစ်ခုခု ဖြစ်ပွားရင် စက်ရုပ်ရဲ့ ကင်မရာတွေကနေ Command Center က သိနိုင်ပြီး ချက်ချင်း အမိန့်ပေးခိုင်းစေနိုင်ပါတယ်။

World's first true ROBOCOP unveiled as cops deploy 'Cyborg 1.0' with facial recognition 360 degree cameras for eyes | The Sun

စက်ရုပ်မှာ Facial Recognition ကို အသုံးပြုထားပြီး အလိုရှိနေတဲ့ ရာဇဝတ်သားတွေနဲ့ အန္တရာယ်ရှိသူတွေကို ထောက်လှမ်းနိုင်ပါတယ်။ ဓါး၊ တုတ် စတဲ့ လက်နက်တွေကိုလည်း အာရုံခံနိုင်ပါတယ်။

ထိုင်းရဲတပ်ဖွဲ့က စမတ်စက်ရုပ်ဟာ ထိုင်းမှာ အများပြည်သူ လုံခြုံရေးအတွက် အဓိက အားဖြည့်ပေးနိုင်တယ်လို့ ပြောပါတယ်။

Ref : Technology Innovation