Oppo က တရုတ်မှာ အရင်နှစ် ဧပြီလက K12 ကို ကြေညာခဲ့ပြီး အခုတော့ K12s ကို မိတ်ဆက်လိုက်ပါတယ်။ Oppo K12s ဟာ တကယ်တော့ ဖုန်း အသစ်မဟုတ်ဘဲ မကြာခင်က အိန္ဒိယမှာ ကြေညာခဲ့တဲ့ Oppo K13 ကို နာမည်ပြောင်းထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် NFC နဲ့ Memory Configuration အသစ်နဲ့ အရောင် အပိုတွေ ပါလာပါတယ်။

OPPO K12s with 6.67″ FHD+ 120Hz AMOLED display, Snapdragon 6 Gen 4, 7000mAh  battery to be announced on April 22

Oppo K12s မှာ Snapdragon 6 Gen 4 SoC ၊ 6.67” 120Hz FullHD+ AMOLED Display နဲ့ ကြီးမားတဲ့ 7,000mAh Battery ၊ 80W Charging ပါလာပါတယ်။ Android 15 အခြေပြု ColorOS 15 မောင်းနှင်ထားပါတယ်။

Oppo K12s teased ahead of April 22 launch, massive battery inside -  GSMArena.com news

အနောက်ဘက်မှာ 50MP Main နဲ့ 2MP Monochrome ကင်မရာ ၂ လုံး၊ အရှေ့ဘက်မှာ 16MP ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။ Display အောက်မှာ လက်ဗွေရာ ကိရိယာမြှပ်နှံထားပြီး စတီရီယို စပီကာနဲ့ IP65 Rating ပါလာပါတယ်။

Oppo K12s အတွက် Black , Purple နဲ့ White အရောင်တွေ ထုတ်လုပ်ထားပြီး 8GB/128GB, 8GB/256GB, 12GB/256GB နဲ့ 12GB/512GB ကို ၁၆၅ ဒေါ်လာ၊ ၁၉၀ ဒေါ်လာ၊ ၂၂၀ ဒေါ်လာနဲ့ ၂၄၅ ဒေါ်လာ အသီးသီး သတ်မှတ်ထားပါတယ်။

Oppo K12s ကို တရုတ်မှာ ဧပြီလ ၂၅ ရက်နေ့က စတင်ကာ ရောင်းချမှာ ဖြစ်ပါတယ်။

Ref : gsmarena