Canalys ရဲ့ ကွာတား ၁ စစ်တမ်းအရ Xiaomi ဟာ ၁၀ နှစ်အတွင်း ပထမဆုံး အကြိမ် တရုတ်မှာ စမတ်ဖုန်း ရောင်းအား အကောင်းဆုံး ပြန်ဖြစ်လာပါတယ်။ Xiaomi ဟာ စမတ်ဖုန်း ၁၃.၃ သန်း ရောင်းချနိုင်ခဲ့ပြီး ဈေးကွက်ဝေစု ၁၉ ရာခိုင်နှုန်း ရခဲ့ပါတယ်။

Xiaomi leads the leaderboard in China smartphone market in Q1 2025

Huawei နဲ့ သိပ်မကွာဘဲ Huawei ဟာ စမတ်ဖုန်း ၁၃ သန်း ရောင်းချနိုင်ခဲ့ပြီး ဈေးကွက်ဝေစု ၁၈ ရာခိုင်နှုန်းရခဲ့ပါတယ်။ Huawei ဟာ ထူးခြားဆန်းသစ်တဲ့ Foldable ဖုန်းတွေကြောင့် ရောင်းအားကောင်းတာ ဖြစ်ပါတယ်။

Oppo နဲ့ Vivo က ၁၀.၆ သန်းနဲ့ ၁၀.၄ သန်း အသီးသီး ရောင်းချနိုင်ခဲ့ပြီး ဈေးကွက်ဝေစု ၁၅ ရာခိုင်နှုန်းရခဲ့ပါတယ်။ Vivo ဟာ အရင်နှစ်ကထက် ရောင်းအား အနည်းငယ်တိုးတက်လာခဲ့ပြီး Oppo က ၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။

Apple ဟာ နံပါတ် ၅ နေရာကို ရခဲ့တာက ထူးဆန်းပါတယ်။ Apple ဟာ iPhone ၉.၂ သန်း ရောင်းချနိုင်ခဲ့ပြီး အရင်နှစ်ကထက် ၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။

China smartphone growth Q1 2025

တရုတ် စမတ်ဖုန်း ဈေးကွက်ဟာ ၂၀၂၅ ခုနှစ် ကွာတား ၁ မှာ ပြန်လည် တိုးတက်ခဲ့ပါတယ်။ စမတ်ဖုန်း ၇၀.၉ သန်း ရောင်းချနိုင်ခဲ့ပြီး အရင်နှစ်ကထက် ၅ ရာခိုင်နှုန်း တိုးတက်လာခဲ့ပါတယ်။

Ref : Gizmochina