ဟိုးအရင်ခေတ်က လူတော်တော်များများ အသုံးပြုခဲ့ကြတဲ့ Skype ကို Microsoft က မေလ ၅ ရက်နေ့မှာ ရပ်နားလိုက်ပြီ ဖြစ်ပါတယ်။ လက်ရှိ Skype သုံးစွဲသူတွေဟာ သူတို့ရဲ့ Skype Username, Password နဲ့ Microsoft Teams ကို အခမဲ့ ဆက်လက် အသုံးပြုနိုင်ပါတယ်။ Skype သုံးစွဲသူတွေဟာ သူတို့ရဲ့ ဒေတာတွေကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ အထိ ထုတ်ယူနိုင်ပြီး အဲဒီနောက်မှာ အဲဒီ ဒေတာ အားလုံးကို ဖျက်ပစ်မှာ ဖြစ်ပါတယ်။
Microsoft က Skype ကို ရပ်နားရတဲ့ အကြောင်းအရင်းကို တရားဝင် ကြေညာထားပြီး သုံးစွဲသူတွေ ပိုမို အဆင်ပြေစေဖို့ ပြုလုပ်ပေးတာလို့ ပြောပါတယ်။ အခမဲ့ Microsoft Teams ဟာ Skype ထက် အားနည်းချက်တွေ ရှိပါတယ်။ Group Video Call ကို မိနစ် ၆၀ ပဲ ပြောနိုင်ပြီး Skype Credit လိုမျိုး ဖုန်းပြောတာ၊ စာပို့တာ မပြုလုပ်နိုင်ပါဘူး။
Skype ကို ၂၀၀၃ ခုနှစ်မှာ စတင် ဝန်ဆောင်မှုပေးခဲ့ပြီး Microsoft ဟာ Skype အတွက် တခြားကုမ္ပဏီကြီးတွေကို ဝယ်ယူခဲ့ပါတယ်။ Skype ဟာ ပြီးခဲ့တဲ့ဆယ်စုနှစ် ၂ ခု အတွင်းမှာ နာမည်အကြီးဆုံး Voice Over IP (VoIP) တွေထဲက တစ်ခု ဖြစ်ခဲ့ပါတယ်။
Ref : Gsmarena