တရုတ်ရဲ့ ဘေဂျင်းနဲ့ ရှန်ဟိုင်းမှာ အများပြည်သူသုံး အမျိုးသား သန့်စင်ခန်းတွေမှာ ဆီးကနေ ကျန်းမာရေးကို စစ်ဆေးပေးနိုင်တဲ့ ဝန်ဆောင်မှုကို ပြုလုပ်ပေးထားပါတယ်။ ဆီးကနေ ကျန်းမာရေးကို စစ်ဆေးဖို့ လူတစ်ယောက်အတွက် ၂၀ ယွမ် (၂.၇၆ ဒေါ်လာ) ကျသင့်မှာ ဖြစ်ပါတယ်။
ဂလူးကို့စ်၊ ဗီတာမင်နဲ့ သွေးဖြူဥ အပါအဝင် အဓိက ကျန်းမာရေး ညွှန်းကိန်းတွေကို စစ်ဆေးပေးနိုင်ပြီး ရောဂါတွေကို ရှာဖွေပေးနိုင်ပါတယ်။ Medical Checkup လုပ်တာလောက် အဆင့်မမြင့်ပေမယ့် အဲဒီ အိမ်သာတွေဟာ ဖြစ်လာနိုင်တဲ့ ရောဂါတွေကို စောစီးစွာ အသိပေးနိုင်ပါတယ်။
ရှန်ဟိုင်း အခြေစိုက် မှတ်တမ်း ရုပ်ရှင် ဒါရိုက်တာ Christian Petersen-Clausen က အဲဒီ အိမ်သာကို စမ်းသပ် အသုံးပြုခဲ့ပြီး အတွေ့အကြုံကို တွစ်တာမှာ မျှဝေထားပါတယ်။ သူက “ ဆီးကနေ ကျန်းမာရေး စစ်ဆေးပေးတဲ့ အိမ်သာတွေဟာ ရှန်ဟိုင်းမှာ ထွက်ပေါ်လာပါတယ်။ ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုက ယွမ် ၂၀ ထဲနဲ့ ကျန်းမာရေးကို စစ်ဆေးပေးနေပါတယ်။ ကျွန်တော် အဲဒီအိမ်သာကို စမ်းသုံးခဲ့ပါတယ်။ လုပ်ဆောင်ရတာက လွယ်ကူပါတယ်။ WeChat ကနေ ဝန်ဆောင်ခကို ပေးသွင်းရပါတယ်။ ပြီးရင် ဆီးသွားရပြီး သိပ်မကြာခင်မှာပဲ ကျန်းမာရေး ရလဒ်ကို ရရှိနိုင်ပါတယ်။ “ လို့ ပြောပါတယ်။
အဲဒီကုမ္ပဏီဟာ တရုတ် တစ်နိုင်ငံလုံးမှာ အဲဒီ အိမ်သာတွေကို တည်ဆောက်ဖို့ စီစဉ်ထားပါတယ်။
Ref : Fossbytes