စမတ်ဖုန်း Drop Test တွေကို Lab ထဲမှာ အလိုအလျှောက် စက်တွေနဲ့ စမ်းသပ်လေ့ရှိကြပါတယ်။ Meizu ကတော့ စတန့်ထွင်ပြီး Meizu Note 16 Pro ကို လူတူစက်ရုပ်နဲ့ စမ်းသပ်ပြလိုက်ပါတယ်။ Unitree G1 စက်ရုပ်က ဖုန်းကို မတူညီတဲ့ အမြင့်တွေကနေ ပစ်ချစမ်းသပ်ပြလိုက်ပါတယ်။ Meizu Note 16 Series ကို မေလ ၁၃ ရက်နေ့မှာ ကြေညာမှာ ဖြစ်ပါတယ်။

Meizu uses a robot to do the drop tests of the Meizu Note 16 Pro -  GSMArena.com news

ဖုန်းကို ၁ မီတာ အမြင့်ကနေ ပစ်ချစမ်းသပ်တဲ့အခါ ဖုန်းက အိုကေပါတယ်။ ၁.၅ မီတာ အမြင့်မှာလည်း အဆင်ပြေပါတယ်။ ဒါဟာ စက်ရုပ်ရဲ့ အရပ်အမြင့်နဲ့ တူညီပါတယ်။ နောက်ပြီး ၃ မီတာ အမြင့်ကနေ ပစ်ချစမ်းသပ်ခဲ့ပါတယ်။ အဲဒီစမ်းသပ်မှု အားလုံးကို ကြမ်းခင်းပေါ်မှာ ပြုလုပ်ပြတာ ဖြစ်ပါတယ်။

နောက်စမ်းသပ်မှုက စိတ်ဝင်စားစရာကောင်းပါတယ်။ စက်ရုပ်ဟာ ၃၅ မီတာ အမြင့်ရှိတဲ့ Meizu ရုံးချုပ်ရဲ့ ခေါင်မိုးပေါ်ကနေ ပစ်ချစမ်းသပ်ခဲ့ပါတယ်။ မြက်ခင်းပေါ်ကို ပစ်ချစမ်းသပ်ပြတာ ဖြစ်ပါတယ်။

နောက်စမ်းသပ်မှုက IP Rating ဖြစ်ပြီး ဖုန်းကို သဲရှိတဲ့ ငါးကန်ထဲကို ပစ်ချစမ်းသပ်ပြထားပါတယ်။ အဲဒီ စမ်းသပ်မှုတွေကို ပြသထားတဲ့ ဗီဒီယိုကို အောက်မှာ ကြည့်နိုင်ပါတယ်။

Meizu ရဲ့ ပိုင်ရှင် Geely ဟာလည်း ကားထုတ်လုပ်တဲ့ စက်ရုံမှာ Unitree လူတူစက်ရုပ်တွေကို အသုံးပြုနေပါတယ်။

Ref : gsmarena