Xiaomi က Civi 5 Pro ကို ကြေညာလိုက်ပြီး 6.55” AMOLED 1236×2750 Display , 120Hz Refresh Rate , 3200 Nits Peak Brightness ထည့်သွင်းထားပါတယ်။

Xiaomi Civi 5 Pro is official with Leica cameras, Snapdragon 8s Gen 4 - GSMArena.com news

12/16 LPDDR5X RAM နဲ့ 256/512GB UFS 4.0 Storage ပါလာပြီး အနောက်ဘက်မှာ 50MP Main (OIS), 50MP Telemacro , 12MP Ultrawide ကင်မရာတွေ တပ်ဆင်ထားပါတယ်။ ဆဲလ်ဖီး ကင်မရာက 50MP ဖြစ်ပါတယ်။ အဲဒီ ကင်မရာတွေကို Leica နဲ့ ပူးပေါင်းထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

Xiaomi Civi 5 Pro debuts with Snapdragon 8s Gen 4 and Leica cameras

အရွယ်ကြီး 6,000mAh Battery ပါလာပြီး 67W Wired Charging ထောက်ပံ့ထားပါတယ်။ Xiaomi ရဲ့ HyperOS 2 မောင်းနှင်ထားပြီး Nebula Purple, Cherry Blossom Pink, Iced Americano, white,  black အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Civi 5 Pro ရဲ့ 12GB RAM/256GB Storage ကို ၄၁၆ ဒေါ်လာနဲ့ 12GB RAM/512GB Version ကို ၄၅၈ ဒေါ်လာ သတ်မှတ်ထားပါတယ်။ စွမ်းရည်အမြင့်ဆုံး 16/512GB Version ကို ၄၉၉ ဒေါ်လာ ကျသင့်ပါတယ်။

Ref: gsmarena