ဂျပန် Startup ကုမ္ပဏီ KG Motors က လျှပ်စစ်ကားလောကကို လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားစေပါတယ်။ သူတို့ရဲ့ “mibot” လို့ခေါ်တဲ့ တစ်ယောက်စီး လျှပ်စစ်ကားလေးဟာ စတိုင်ကျပြီး ဈေးနှုန်းကလည်း $7,000 (အမေရိကန်ဒေါ်လာ ၇,၀၀၀) ပဲ ရှိပါတယ်။
ဒီကားလေးကို ၂၀၂၇ ခုနှစ် မတ်လအထိ အစီးရေ ၃,၃၀၀ ကြိုတင်မှာယူထားပြီးပါပြီ။ ဒါဟာ ၂၀၂၄ ခုနှစ်အတွင်း ဂျပန်မှာ Toyota ရဲ့ EV စုစုပေါင်းရောင်းအားထက်တောင် ကျော်လွန်နေပါတယ်။
Mibot ရဲ့ ကျစ်လျစ်တဲ့ ဒီဇိုင်းကို ဂျပန်ရဲ့ ကျဉ်းမြောင်းတဲ့ လမ်းတွေနဲ့ကိုက်ညီအောင် ဖန်တီးထားပါတယ်။ တစ်ခါအားသွင်းရင် မိုင် ၆၂ မိုင် (၁၀၀ ကီလိုမီတာခန့်) ပြေးနိုင်ပြီး၊ အမြင့်ဆုံးမြန်နှုန်း တစ်နာရီ ၃၇ မိုင် (၆၀ ကီလိုမီတာခန့်) မောင်းနှင်နိုင်ပါတယ်။ လေအေးပေးစနစ်၊ သေးငယ်တဲ့ ပစ္စည်းထည့်ခန်းပါဝင်ပြီး၊ သာမန်အိမ်သုံးပလပ်နဲ့ အထူးပစ္စည်းတွေ မလိုအပ်ဘဲ ၅ နာရီအတွင်း အားအပြည့်သွင်းနိုင်ပါတယ်။
ဂျပန်နိုင်ငံဟာ လျှပ်စစ်ကားတွေနဲ့ ပတ်သက်ပြီး သတိထားနေဆဲဖြစ်ပြီး ဟိုင်းဘရစ်ကားတွေနဲ့ ဓာတ်ဆီကားတွေကို ပိုမိုနှစ်သက်နေပေမယ့်၊ KG Motors ရဲ့ ဈေးသက်သာပြီး သေးငယ်တဲ့ EV ကတော့ ဈေးကွက်သစ်တစ်ခုကို ဖန်တီးနိုင်ပါတယ်။ ဒါဟာ အမေရိကန်နဲ့ ဥရောပက ဈေးကြီးတဲ့ အရွယ်သေး EV ကားတွေကို ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။ နေရာ သိပ်မယူတဲ့ ကားတွေ လိုအပ်နေတဲ့ ဂျပန်အတွက်လည်း အကျိုးရှိစေမှာ ဖြစ်ပါတယ်။
Ref: Fossbytes