Meta ရဲ့ ဉာဏ်ရည်တု (AI) မျက်မှန်တွေကို သုံးပြီး သူတစ်ပါးကို ခိုးရိုက်ဖို့ ကြိုးစားနေသူတွေအတွက်တော့ သတင်းဆိုးပါပဲ။ ဗီဒီယိုရိုက်ကူးနေချိန်မှာ လင်းနေမယ့် အချက်ပြမီးကို ဖျက်ဆီးထားတဲ့ မျက်မှန်တွေမှာ ကင်မရာလုပ်ဆောင်ချက်ကို Meta က အပြီးတိုင် ပိတ်ချလိုက်ပါတယ်။

အခုလို အရေးယူလိုက်တဲ့အတွက် ကင်မရာပိတ်ခံရတဲ့ မျက်မှန် အရေအတွက်ဟာ ထောင်နဲ့ချီရှိသွားပေမယ့် ဒါဟာ ရောင်းချပြီးတဲ့ မျက်မှန်အားလုံးရဲ့ သုည ဒသမ ၁ ရာခိုင်နှုန်းအောက်သာ ရှိသေးတယ်လို့ သိရပါတယ်။

Meta Bricks Cameras on Thousands of AI Glasses Over Tampering - Business Insider

ဒီမျက်မှန်တွေကို အသုံးပြုပြီး ခိုးရိုက်တာတွေ ရှိလာတဲ့အတွက် ဝေဖန်မှုတွေ အများကြီး ထွက်ပေါ်နေပါတယ်။ ဒါပေမယ့် Meta ရဲ့ နည်းပညာအရာရှိချုပ်ကတော့ သူတို့ရဲ့ ထုတ်ကုန်ဟာ လုံခြုံရေးကို အထူးဦးစားပေးထားတယ်လို့ တုံ့ပြန်ထားပါတယ်။

လက်ရှိ လူတိုင်းသုံးနေတဲ့ စမတ်ဖုန်း ကင်မရာတွေမှာတောင် ရိုက်ကူးနေချိန် အချက်ပြမီး မပါဝင်ပေမယ့် သူတို့ရဲ့ မျက်မှန်တွေမှာတော့ ပတ်ဝန်းကျင်က လူတွေ သိရှိနိုင်အောင် တမင်ကို ထည့်သွင်းပေးထားတာလို့ သူက ဆိုပါတယ်။

Less pervert-y? Meta AI glasses will now stop recording if you cover the warning light | Tom's Guide

နောက်ဆုံးထွက်ရှိလာတဲ့ ဆော့ဖ်ဝဲလ် အပ်ဒိတ်မှာတော့ အချက်ပြမီးကို အပေါက်ဖောက်ပြီး ဖျက်ဆီးထားမယ်ဆိုရင် ကင်မရာကို ထပ်သုံးလို့ရတော့မှာ မဟုတ်ပါဘူး။ ဒါပေမယ့် စတစ်ကာကပ်ပြီး ဖုံးကွယ်ထားသူတွေ အနေနဲ့ စတစ်ကာကို ခွာလိုက်ရင်တော့ ကင်မရာကို ပြန်သုံးခွင့်ရမှာ ဖြစ်ပါတယ်။

သတင်းအချက်အလက် လုံခြုံရေးအတွက် ပတ်ဝန်းကျင်က လူတွေ သတိထားမိစေဖို့ ဒီလို အပ်ဒိတ်တွေကို ဆက်လက် လုပ်ဆောင်သွားမယ်လို့ Meta က အခိုင်အမာ ပြောဆိုထားပါတယ်။

Ref: businessinsider