OnePlus ဟာ အိန္ဒိယမှာ OnePlus 13s စမတ်ဖုန်းကို တရားဝင် မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ အဲဒီဖုန်းဟာ အရွယ်အစား ကျစ်လစ်တဲ့ 6.32 လက်မ Display၊ အမြင့်ဆုံး စွမ်းဆောင်ရည်ပေးမယ့် Snapdragon 8 Elite chipset နဲ့ ကြီးမားတဲ့ ဘက်ထရီတို့ကို ပေါင်းစပ်ထားတာကြောင့် ‘Compact Flagship’ တွေကို စောင့်မျှော်နေသူတွေအတွက် သတင်းကောင်း ဖြစ်လာပါတယ်။

OnePlus 13s brings Snapdragon 8 Elite power, 5,850mAh battery in a small  6.32" form factor - GSMArena.com news

ကျစ်လစ်ပေါ့ပါးတဲ့ ဒီဇိုင်းနဲ့ အရည်အသွေးမြင့် မျက်နှာပြင်

OnePlus 13s ဟာ ကိုင်တွယ်ရလွယ်ကူတဲ့ ဒီဇိုင်းကို အဓိက အာရုံစိုက်ထားပါတယ်။ သူ့ရဲ့ အကျယ်က 71.7mm၊ အထူ 8.15mm နဲ့ အလေးချိန်က 185g ပဲ ရှိပါတယ်။ အဲဒီအလေးချိန်ဟာ Pixel 9 Pro ဒါမှမဟုတ် iPhone 16 Pro တို့ထက် ပေါ့ပါးနေပြီး ဘက်ထရီကတော့ ပိုကြီးတာကို တွေ့ရပါတယ်။

OnePlus 13s brings Snapdragon 8 Elite power, 5,850mAh battery in a small  6.32" form factor - GSMArena.com news

မျက်နှာပြင်ကတော့ 6.32 လက်မ LTPO OLED display ဖြစ်ပြီး resolution က 1,216 x 2,640px ရှိပါတယ်။ 1Hz ကနေ 120Hz အထိ refresh rate ကို အလိုအလျောက် ချိန်ညှိပေးနိုင်ပြီး Dolby Vision ကိုလည်း ထောက်ပံ့ပေးထားပါတယ်။ နေရောင်အောက်မှာ ကောင်းကောင်းမြင်နိုင်ဖို့ high brightness mode မှာ 1,600 nits အထိ ရရှိနိုင်ပါတယ်။

အရောင်ပိုင်းမှာတော့ Green Silk, Pink Satin နဲ့ Black Velvet ဆိုပြီး သုံးမျိုးရရှိနိုင်ပါတယ်။ Green Silk အရောင်ကတော့ အိန္ဒိယအတွက် သီးသန့်ဖြစ်ပြီး သံလွင်သီးရဲ့ အရောင်ကနေ  ရယူထားတယ်လို့ ဆိုပါတယ်။

စွမ်းဆောင်ရည်၊ ဘက်ထရီနဲ့ အအေးပေးစနစ်

ဒီဖုန်းရဲ့ အဓိက အားသာချက်ကတော့ Snapdragon 8 Elite chipset ကို အသုံးပြုထားတာပါ။ အဲဒီ chipset ကို 12GB LPDDR5X RAM၊ 256GB ဒါမှမဟုတ် 512GB UFS 4.0 storage တွေနဲ့ တွဲဖက်ပေးထားပါတယ်။ ဖုန်းအပူချိန်ကို ထိန်းချုပ်ဖို့အတွက် 4,400mm² ရှိတဲ့ vapor chamber အအေးပေးစနစ်အပြင် ဖုန်းကျောဘက်မှာ အပူကို ပိုမြန်မြန် ထုတ်လွှတ်ပေးနိုင်တဲ့ cooling layer ကို ပထမဆုံးအကြိမ်အဖြစ် ထည့်သွင်းထားပါတယ်။

ဘက်ထရီကတော့ 5,850mAh ဆိုတဲ့ အလွန်ကြီးမားတဲ့ ပမာဏဖြစ်ပြီး Galaxy S25 Ultra (5,000mAh) နဲ့ iPhone 16 Pro Max (4,685mAh) တို့ထက်တောင် ပိုများပါတယ်။ ဒီဖုန်းမှာ 80W SuperVOOC အမြန်အားသွင်းစနစ်ကို ထောက်ပံ့ပေးထားပြီး ဂိမ်းကစားရင်း အားသွင်းကြိုးတပ်ထားရင် ဘက်ထရီကို မထိခိုက်စေဘဲ တိုက်ရိုက် ပါဝါသုံးနိုင်တဲ့ Bypass Charging စနစ်လည်း ပါဝင်ပါတယ်။

 

ကင်မရာစနစ်

ကျောဘက်မှာ ကင်မရာနှစ်လုံးတပ်ဆင်ထားပါတယ်။ အဓိက ကင်မရာက OIS ပါဝင်တဲ့ 50MP Sony LYT-700 sensor ဖြစ်ပြီး ဒုတိယကင်မရာကတော့ 2x zoom ဆွဲနိုင်တဲ့ 50MP Samsung JN5 telephoto lens ဖြစ်ပါတယ်။ အရှေ့ဘက် selfie ကင်မရာကတော့ 32MP ဖြစ်ပြီး flagship ဖုန်းတွေမှာတောင် သိပ်မတွေ့ရတတ်တဲ့ autofocus စနစ်ပါဝင်တာက ထူးခြားချက်တစ်ခုပါ။

 

ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်

OnePlus ရဲ့ ထုံးစံအတိုင်း Alert Slider မပါဝင်တော့ဘဲ သူ့အစား Plus Button ဆိုတဲ့ ခလုတ်အသစ်နဲ့ အစားထိုးထားပါတယ်။ OnePlus 13s ဟာ တရုတ်မှာရောင်းချတဲ့ OnePlus 13T ရဲ့ အိန္ဒိယ version လည်း ဖြစ်ပါတယ်။

 

12GB RAM + 256GB Storage: ₹ 54,999 (၆၄၀ ဒေါ်လာ)

12GB RAM + 512GB Storage: ₹ 59,999 (၇၀၀ ဒေါ်လာ)

 

အိန္ဒိယမှာ ဒီနေ့ကစပြီး ကြိုတင်မှာယူနိုင်ပြီဖြစ်ကာ ဇွန်လ ၁၂ ရက်နေ့မှာတော့ ပစ္စည်းပို့ဆောင်ပေးမှာပါ။

Ref : gsmarena