အမေရိကန်နိုင်ငံရဲ့ အစားအသောက်ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Cargill ဟာ သူတို့ရဲ့ နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်မြို့က စက်ရုံမှာ ဘေးအန္တရာယ်တွေကို ထောက်လှမ်းစစ်ဆေးနိုင်ဖို့အတွက် Boston Dynamics ကုမ္ပဏီက ထုတ်လုပ်တဲ့ နာမည်ကျော် Spot စက်ရုပ်ခွေးကို စတင်အသုံးပြုနေပြီဖြစ်ပါတယ်။
ဒီစက်ရုပ်ခွေးမှာ Orbit လို့ခေါ်တဲ့ AI နည်းပညာသစ်တစ်ခုကို တပ်ဆင်ထားပြီး စက်ရုပ်က ရိုက်ကူးလိုက်တဲ့ ဓာတ်ပုံတွေကို AI ကနေ အလိုအလျောက်စိစစ်ကာ ဆီယိုစိမ့်မှုတွေ၊ တံခါးပွင့်နေတာတွေ ဒါမှမဟုတ် ဘေးကင်းရေးဆိုင်းဘုတ်တွေ ပျောက်ဆုံးနေတာမျိုးလို အန္တရာယ်ဖြစ်စေနိုင်တဲ့ အရာတွေကို ရှာဖွေထောက်လှမ်းပေးပါတယ်။ Boston Dynamics ကုမ္ပဏီက Spot စက်ရုပ်ခွေးရဲ့ စွမ်းဆောင်ရည်ကို အဆင့်မြှင့်တင်ရာမှာ Orbit နည်းပညာကို အဓိကထည့်သွင်းခဲ့တာဖြစ်ပြီး စက်ရုံလည်ပတ်မှုကို အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ ဘယ်အရာကိုမဆို ချက်ချင်းသတိပေးနိုင်အောင် ပြုလုပ်ထားပါတယ်။
ဒါ့အပြင် Site View လို့ခေါ်တဲ့ နောက်ထပ်လုပ်ဆောင်ချက်တစ်ခုလည်း ပါဝင်ပါသေးတယ်။ ဒီ feature က စက်ရုံရဲ့ နေရာအနှံ့ကို 360 ဒီဂရီ မြင်ကွင်းကျယ် (panoramic images) တွေအဖြစ် ဖန်တီးပေးနိုင်တဲ့အတွက် မန်နေဂျာတွေအနေနဲ့ စက်ရုံထဲကို ကိုယ်တိုင်သွားစရာမလိုဘဲ အဝေးကနေ စစ်ဆေးနိုင်ပြီး ဖြစ်လာနိုင်တဲ့ ပြဿနာတွေကို ကြိုတင်သိရှိနိုင်မှာဖြစ်ပါတယ်။
Spot စက်ရုပ်ခွေးဟာ “ဒီနေရာမှာ အမှိုက်တွေစုပုံနေသလား” ဆိုတာမျိုးလို ရိုးရှင်းတဲ့မေးခွန်းတွေကို “ဟုတ်ကဲ့” ဒါမှမဟုတ် “မဟုတ်ပါ” ဆိုပြီး ချက်ချင်းပြန်ဖြေနိုင်တဲ့အတွက် စစ်ဆေးရေးလုပ်ငန်းတွေကို ပို မြန်ဆန်ပြီး လွယ်ကူစေတယ်လို့ သိရပါတယ်။
Ref : Technology Innovation