တရုတ်နိုင်ငံအရှေ့ပိုင်း၊ ဂျီနန်မြို့မှာ မြို့ပြဖွံ့ဖြိုးရေးရဲ့ ဘေးထွက်ဆိုးကျိုးဖြစ်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကထွက်တဲ့ ဖုန်မှုန့်နဲ့ ဆူညံသံတွေကို ထိန်းချုပ်ဖို့အတွက် ဆန်းသစ်တဲ့နည်းလမ်းတစ်ခုကို အသုံးပြုလျက်ရှိပါတယ်။ အဲဒါကတော့ အမြင့်ပေ ၅၀ (မီတာ) ရှိပြီး ဧရိယာ စတုရန်းမီတာ ၂၀,၀၀၀ ကျယ်ဝန်းတဲ့ ဧရာမလေထိုးတဲကြီး (Inflatable Dome) တစ်ခုနဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုလုံးကို အုပ်မိုးထားတာပဲ ဖြစ်ပါတယ်။

ဒီလေထိုးတဲကြီးဟာ အကြမ်းခံပြီး ပေါ့ပါးတဲ့ ဒြပ်ထု တွေနဲ့ ပြုလုပ်ထားကာ သူ့ရဲ့အဓိကရည်ရွယ်ချက်ကတော့ ဆောက်လုပ်ရေးလုပ်ငန်းတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဖုန်မှုန့်တွေ လေထဲကို ပျံ့လွင့်မသွားအောင်နဲ့ စက်ယန္တရားကြီးတွေရဲ့ ဆူညံသံတွေ အပြင်ကို မထွက်အောင် တားဆီးပေးဖို့ ဖြစ်ပါတယ်။ ဒီနည်းလမ်းကြောင့် အနီးအနားမှာ နေထိုင်တဲ့ ပြည်သူတွေအတွက် လေထုညစ်ညမ်းမှုနဲ့ ဆူညံသံမှုတွေကို သိသိသာသာ လျှော့ချပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

Chinese Technologia': China Builds Inflatable Dome Over Construction Site  To Curb Pollution, Internet Reacts | Times Now

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူက ဒီစီမံကိန်းဟာ ကမ္ဘာ့အကြီးဆုံး လေထိုးတဲအမျိုးအစားဖြစ်ပြီး ပိုမိုသန့်ရှင်းပြီး ဆိတ်ငြိမ်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေ ဖန်တီးပေးနိုင်ဖို့ ရည်ရွယ်တယ်လို့ ပြောကြားခဲ့ပါတယ်။ လေထိုးတဲအတွင်းမှာ အဆက်မပြတ်လေဖိအားပေးထားတဲ့စနစ်ကိုသုံးပြီး တည်ငြိမ်အောင်ထိန်းထားသလို၊ အလုပ်သမားတွေအတွက် လေကောင်းလေသန့်ရရှိစေမယ့် လေဝင်လေထွက်စနစ်တွေနဲ့ အလင်းရောင်ရရှိဖို့အတွက် အလင်းဖောက်နိုင်တဲ့ အကြည်ရောင်အပိုင်းတွေကိုလည်း ထည့်သွင်းတည်ဆောက်ထားပါတယ်။

ဒီနည်းပညာဟာ မြို့ပြဆောက်လုပ်ရေးစီမံကိန်းတွေရဲ့ ပတ်ဝန်းကျင်ထိခိုက်မှုကို လျှော့ချဖို့အတွက် ဆန်းသစ်တဲ့ဖြေရှင်းနည်းတစ်ခုအဖြစ် ရှုမြင်ခံနေရပြီး တခြားမြို့ကြီးတွေမှာလည်း အလားတူအသုံးပြုသွားဖို့ အလားအလာရှိနေပါတယ်။

Ref : The Sun