Realbotix ကုမ္ပဏီက သူတို့ရဲ့ AI နည်းပညာသုံး လူတူ စက်ရုပ် ရဲ့ စွမ်းရည်အသစ်တွေကို  ကြေညာလိုက်ပါတယ်။ အဲဒီစက်ရုပ်ဟာ အခုဆိုရင် ဘာသာစကား ၁၅ မျိုးကို ကျွမ်းကျင်စွာ ပြောနိုင်ပြီး cloud support ကနေတစ်ဆင့် နောက်ထပ် ဘာသာစကား ၁၄၇ မျိုးကိုပါ ပြောနိုင်ပြီဖြစ်ပါတယ်။

This $175K Robot Is Almost Human. We Interviewed It at CES 2025

ဒီလို ဘာသာစကားမျိုးစုံပြောနိုင်လာတဲ့အတွက် စက်ရုပ်ဟာ ဟိုတယ်လုပ်ငန်း၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ခရီးသွားလုပ်ငန်းနဲ့ customer service လို ကဏ္ဍတွေမှာ လူတွေကို ပိုကောင်းတဲ့ ဝန်ဆောင်မှုတွေ ပေးနိုင်မှာ ဖြစ်ပါတယ်။

Realbotix AI-Powered Humanoid Robots Debut at CES 2025, Built on Modular  Open-Source Platform - TechEBlog

အဲဒီစက်ရုပ်ကို တကယ့်လူ လက်ထောက်တစ်ဦးအနေနဲ့ အလုပ်လုပ်နိုင်ဖို့ ဒီဇိုင်းထုတ်ထားတာဖြစ်ပြီး ဝန်ထမ်းတွေနဲ့ customer တွေ ဒါမှမဟုတ် လူနာတွေရဲ့ကြားက လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ ရည်ရွယ်ပါတယ်။

သဘာဝကျတဲ့ စကားပြောဆိုမှုနဲ့ မျက်နှာအမူအရာတွေနဲ့အတူ သူက မေးခွန်းတွေကို ဖြေကြားတာ၊ အန္တရာယ်ကို သတင်းပို့ပေးတာနဲ့ လူသားအဖွဲ့တွေကို ကူညီထောက်ပံ့ပေးတာတွေ လုပ်နိုင်ပါတယ်။ အထူးသဖြင့် ဝန်ထမ်းအင်အား နည်းပါးတဲ့ နေရာတွေမှာ အလွန်အသုံးဝင်မှာ ဖြစ်ပါတယ်။

Ref : Technology Innovation