Samsung ရဲ့ Galaxy Z Fold7 နဲ့ Z Flip7 အသစ်တွေဟာ နည်းပညာပစ္စည်းဖြစ်ပေမယ့် ရုရှားဇိမ်ခံ brand တစ်ခုဖြစ်တဲ့ Caviar ကတော့ သူတို့ကို စုဆောင်းသိမ်းဆည်းထိုက်တဲ့ အဆင့်မြင့် တန်ဖိုးကြီးပစ္စည်းတွေအဖြစ် ပြောင်းလဲပေးလိုက်ပါတယ်။ သူတို့ရဲ့ Cosmic Cabubu collection အသစ်ဟာ ဖုန်းတစ်မျိုးစီအတွက် ရှစ်လုံးသာကန့်သတ်ထုတ်လုပ်ထားပြီး ဒီဖုန်းခေါက်တွေကို ရွှေ၊ စိန်… ပြီးတော့ ဥက္ကာခဲ အစစ်တွေနဲ့ တပ်ဆင်ထားတဲ့ အနုပညာပစ္စည်းတွေအဖြစ် ပြန်လည်ပုံဖော်လိုက်တာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံက နာမည်ကြီး အရုပ်လေးတစ်မျိုးဖြစ်တဲ့ Labubu ကို စိတ်ကူးစိတ်သန်း အခြေခံထားပြီး Caviar ရဲ့ Cabubu on Mars နဲ့ Cabubu on Venus ဆိုတဲ့ edition တွေဟာ ချစ်စရာကောင်းပြီး ခမ်းနားထည်ဝါတဲ့ ဒီဇိုင်းတွေကို ပြသနေပါတယ်။
Galaxy Z Fold7 “Cabubu on Mars” — အနက်ရောင် titanium ကိုယ်ထည်ကို 24K ရွှေသားတွေနဲ့ အလှဆင်ထားပြီး အင်္ဂါဂြိုဟ်ရဲ့ မြေမျက်နှာသွင်ပြင်ကို ဖော်ကျူးတဲ့ အနီရောင်ကြွေရည်သွန်းကျောက်မျက်တွေနဲ့အတူ Muonionalusta ဥက္ကာခဲ အစစ်ရဲ့ အပိုင်းအစတွေကိုပါ ထည့်သွင်းပေးထားပါတယ်။ 256GB version အတွက် ဈေးနှုန်းက $10,340 ဖြစ်ပါတယ်။ 512GB နဲ့ 1TB version တွေကတော့ $10,700 နဲ့ $11,060 အသီးသီး ကျသင့်မှာဖြစ်ပါတယ်။
Galaxy Z Flip7 “Cabubu on Venus” — ဗီးနပ်စ်ဂြိုဟ်ကို အခြေခံထားတဲ့ ဒီဇိုင်းဖြစ်ပြီး အပြာရောင်ကျောက်မျက်တွေ၊ စိန်အစစ် ၁၃ ပွင့်နဲ့ ဥက္ကာခဲအစစ်ကို ထည့်သွင်းမြှုပ်နှံထားပါတယ်။ 256GB အတွက် ဈေးနှုန်းက $8,910 ဖြစ်ပြီး 512GB version ကတော့ $9,270 ကျသင့်မှာပါ။
ဥက္ကာခဲတွေရဲ့ သဘာဝအတိုင်းဖွဲ့စည်းထားပုံကြောင့် ဖုန်းတစ်လုံးနဲ့တစ်လုံး ပုံစံအတိအကျမတူဘဲ တစ်လုံးချင်းစီမှာ ထူးခြားမှုရှိနေမှာဖြစ်ပါတယ်။
ဟာ့ဒ်ဝဲတွေကတော့ မူလဖုန်းတွေနဲ့ တူညီပါတယ်။
Z Fold7: 8″ AMOLED display, Snapdragon 8 Elite, 200 MP main camera, နဲ့ Galaxy AI
Z Flip7: 6.9″ AMOLED screen, Exynos 2500 chip, 50 MP main camera နဲ့ Galaxy AI
ဖုန်းနှစ်မျိုးလုံးအတွက် ခေတ်ရှေ့ပြေးဒီဇိုင်းနဲ့ ရွှေရောင်အလှဆင်မှုတွေပါဝင်တဲ့ အထူးဖုန်းဘောင်တစ်ခုကိုလည်း ထည့်သွင်းပေးထားပြီး Caviar ရဲ့ နာမည်ကျော်လက်ရာနဲ့ ပေါင်းစပ်ပေးထားပါတယ်။
Ref : Gizmochina