ဒီနေ့ခေတ် စမတ်ဖုန်းဈေးကွက်မှာ 3D မျက်နှာပုံစံမှတ်သားတဲ့ ဟာ့ဒ်ဝဲက ဇိမ်ခံပစ္စည်းတစ်ခုလို ဖြစ်နေပြီး Apple တစ်ခုတည်းကပဲ သူ့ရဲ့ iPhone တွေမှာ Face ID ကို အမြဲတစေ ထည့်သွင်းပေးနေတဲ့ အဓိကကုမ္ပဏီ ဖြစ်ပါတယ်။ သတင်းအသစ်တစ်ခုအရ၊ တရုတ်စမတ်ဖုန်းထုတ်လုပ်သူ အများအပြားက မျက်နှာပြင်အောက်ကင်မရာနဲ့ 3D မျက်နှာပုံစံမှတ်သားတဲ့စနစ်ပါတဲ့ စမတ်ဖုန်းတွေကို ကုမ္ပဏီအတွင်းမှာ စမ်းသပ်နေကြတယ်လို့ သိရပါတယ်။

iPhone 18 Pro will feature under display FaceID, hints new leak - India Today

အဲဒီသတင်းကို (tipster) Digital Chat Station က ဖော်ပြခဲ့တာဖြစ်ပြီး၊ biometric အထောက်အထားစစ်ဆေးမှုအတွက် “မမြင်ရတဲ့” ဆယ်လ်ဖီကင်မရာတွေပါတဲ့ ပထမဆုံး စမတ်ဖုန်းအသုတ်ကို မကြာခင်မှာ မြင်တွေ့ရနိုင်တယ်လို့ အရိပ်အမြွက် ပြောထားပါတယ်။ ဘယ်ကုမ္ပဏီ၊ ဘယ်မော်ဒယ်ဆိုတာကိုတော့ လောလောဆယ်မှာ တိတိကျကျ ဖော်ပြထားခြင်း မရှိသေးပါဘူး။

Oppo Find X smartphone has a slide-up camera for a true full-screen display: Digital Photography Review

iPhone တွေမှာ 3D မျက်နှာပုံစံမှတ်သားတဲ့စနစ် ပါဝင်တာ အချိန်တစ်ခုကြာပြီဖြစ်ပေမယ့် Android ဖုန်းတွေမှာတော့ ဒါက ရှားပါးတဲ့ နည်းပညာတစ်ခုအဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။ Honor က အဲဒီနည်းပညာကို ထည့်သွင်းပေးတဲ့ ကုမ္ပဏီအနည်းငယ်ထဲက တစ်ခုဖြစ်ပြီး နောက်ဆုံးဥပမာအနေနဲ့ကတော့ Magic7 Pro ဖုန်းပဲ ဖြစ်ပါတယ်။

မျက်နှာပြင်အောက် (UD) ဆယ်လ်ဖီကင်မရာတွေပါတဲ့ Android ဖုန်းအတော်များများကိုလည်း ကျွန်တော်တို့ တွေ့ခဲ့ဖူးပြီး အဓိကအားဖြင့် ZTE nubia lineup ကဖြစ်ပြီး Z70S Ultra က နောက်ဆုံးထွက် ဥပမာတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ မမြင်တွေ့ရသေးတာက 3D မျက်နှာပုံစံစကင်ဖတ်စနစ်နဲ့ UD ကင်မရာ နှစ်မျိုးလုံးပါဝင်တဲ့ ဖုန်းတစ်လုံး ဖြစ်ပါတယ်။

ဒါကြောင့် အဲဒီနည်းပညာ ဘယ်လိုတိုးတက်ပြောင်းလဲလာမလဲ၊ ပြီးတော့ ဘယ်အမှတ်တံဆိပ်က အဲဒီအင်္ဂါရပ်နှစ်ခုလုံးကို ပေါင်းစပ်ထားတဲ့ ပထမဆုံးဖုန်းကို ထုတ်လုပ်မလဲဆိုတာကို စောင့်ကြည့်ရမှာ စိတ်ဝင်စားစရာကောင်းပါတယ်။

Ref: gsmarena