Honor က ဒီနေ့မှာ Pad X7 လို့ခေါ်တဲ့ တက်ဘလက်အသစ်တစ်လုံးကို တိတ်တဆိတ်မိတ်ဆက်လိုက်ပါတယ်။ ဒါပေမဲ့ ၂၀၂၁ ခုနှစ် မေလက တရားဝင်မိတ်ဆက်ခဲ့တဲ့ Tablet X7 နဲ့ မတူပါဘူး။
Honor Pad X7 အသစ်မှာ 8.7 လက်မအရွယ် 1340×800 resolution ရှိတဲ့ LCD screen ပါဝင်ပြီး 90 Hz refresh rate နဲ့ 625-nit peak brightness ရှိပါတယ်။ အဓိကသုံးစွဲထားတဲ့ Chipset ကတော့ Snapdragon 680 SoC ဖြစ်ပါတယ်။ RAM 6GB အထိ၊ storage 128GB အထိ ပါဝင်ပြီး 7,020 mAh ဘက်ထရီကို 10W wired charging နဲ့ reverse wired charging တို့နဲ့ အားသွင်းနိုင်မှာဖြစ်ပါတယ်။
နောက်ကင်မရာ 8 MP နဲ့ ရှေ့ကင်မရာ 5 MP ပါဝင်ပြီး Android 15 ကို သုံးစွဲထားပါတယ်။ အရောင်အနေနဲ့ မီးခိုးရောင်တစ်မျိုးတည်းပဲ ရနိုင်ပုံရပါတယ်။ အရွယ်အစားကတော့ 211.8 x 124.8 x 7.99 mm ရှိပြီး အလေးချိန်က 365g ဖြစ်ပါတယ်။
Honor က ဒီတက်ဘလက်ဟာ သူ့ရဲ့ ခိုင်ခံ့မှုကို အာမခံနိုင်ဖို့ “တင်းကျပ်တဲ့ စမ်းသပ်မှု” ၄၂ မျိုးကို ဖြတ်သန်းခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီစမ်းသပ်မှုတွေထဲမှာ ဖိချေမှုတွေ၊ မမျှော်လင့်ဘဲ ပြုတ်ကျမှုတွေ၊ ပြင်းထန်တဲ့ ပတ်ဝန်းကျင်အခြေအနေတွေအပြင် သံမဏိဘောလုံးနဲ့ ရိုက်ခတ်စမ်းသပ်မှု၊ touchscreen click ခံနိုင်ရည်စမ်းသပ်မှုနဲ့ ပုံပျက်ယွင်းမှု စမ်းသပ်မှုတွေလည်း ပါဝင်ပါတယ်။
Honor Pad X7 ကို Saudi Arabia နိုင်ငံမှာရှိတဲ့ Honor ရဲ့ online store ကနေ အခုပဲဝယ်ယူရရှိနိုင်ပြီ ဖြစ်ပါတယ်။ 4GB RAM နဲ့ 128GB storage ဗားရှင်းကို SAR 349 နဲ့ ရောင်းချပေးနေပြီး လက်ရှိငွေလဲနှုန်းအရ အမေရိကန်ဒေါ်လာ ၉၃ ဒေါ်လာ ($93) ဒါမှမဟုတ် ယူရို ၇၉ (€79) လောက် ကျသင့်မှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒါက တစ်ပတ်ကျော်အတွင်း အချိန်အကန့်အသတ်နဲ့ ရောင်းတဲ့အထူးဈေးနှုန်းဖြစ်ပုံရပြီး အဲဒီနောက်မှာတော့ ဈေးနှုန်းက SAR 449 ($119, €101) အထိ တက်သွားမှာဖြစ်ပါတယ်။
Ref : gsmarena