ကိုယ့်အိမ်ထဲမှာ ကိုယ်ရှိနေပေမယ့် ကိုယ့်ရဲ့ Wi-Fi router က ကိုယ့်ရဲ့လှုပ်ရှားမှုတိုင်းကို နောက်ကွယ်ကနေ “မြင်နေတယ်” ဆိုတဲ့အဖြစ်ကို စိတ်ကူးကြည့်လိုက်ပါ။ ဒါဟာ သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်မဟုတ်တော့ပါဘူး။ ရောမမြို့ La Sapienza တက္ကသိုလ်က သုတေသီတွေက Wi-Fi လှိုင်းတွေကိုသုံးပြီး လူတွေကို နံရံတွေရဲ့အပိုင်းအခြားကနေ ခွဲခြားမှတ်မိပြီး ခြေရာခံနိုင်တဲ့ “WhoFi” ဆိုတဲ့ စနစ်တစ်ခုကို တီထွင်လိုက်တာကြောင့် ဒါဟာ တကယ့်လက်တွေ့ဖြစ်လာနိုင်ပါပြီ။

Wi-Fi signals can now track you through walls without cameras or phones,  here's how

WhoFi ဘယ်လိုအလုပ်လုပ်သလဲ

ဒီနည်းပညာရဲ့ အလုပ်လုပ်ပုံက ရိုးရှင်းပေမယ့် အလွန်အစွမ်းထက်ပါတယ်။ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်တွေက Wi-Fi လှိုင်းတွေကို ရောင်ပြန်ဟပ်တာ၊ ကွဲလွဲသွားစေတာတွေ ပြုလုပ်ပါတယ်။ WhoFi စနစ်က အဲဒီလို ပြောင်းလဲသွားတဲ့ Wi-Fi လှိုင်းတွေရဲ့ ပုံစံကို ဖမ်းယူပြီး လူတစ်ဦးချင်းစီအတွက် သီးသန့် “ဒစ်ဂျစ်တယ်လက်ဗွေရာ” တစ်ခုလို ဖန်တီးလိုက်တာပါ။ ဒီအချက်အလက်တွေကို ကွန်ပျူတာဦးနှောက်လို့ခေါ်နိုင်တဲ့ neural network ထဲထည့်သွင်းပြီး သင်ယူစေတဲ့အခါမှာတော့ ဘယ်သူဘယ်ဝါဆိုတာကို ၉၅.၅% အထိ တိကျစွာ ခွဲခြားလာနိုင်ပါတယ်။

WiFi Logo, symbol, meaning, history, PNG, brand

အရင်က ဒီလိုကြိုးပမ်းမှုတွေရဲ့ တိကျမှုက ၇၅% လောက်မှာပဲ ရှိခဲ့တာကြောင့် အခုတီထွင်မှုက အလွန်ကြီးမားတဲ့ ခုန်ပျံကျော်လွှားမှုတစ်ခု ဖြစ်ပါတယ်။ ပိုပြီးစိုးရိမ်စရာကောင်းတာက ဒီနည်းပညာဟာ အလင်းရောင်ရှိခြင်း၊ မရှိခြင်းအပေါ်မှာ မမူတည်သလို ကင်မရာတွေလို နံရံတွေကလည်း သူ့ကိုတားဆီးနိုင်ခြင်း မရှိပါဘူး။ သာမန် TP-Link router လို အိမ်သုံးပစ္စည်းတွေနဲ့ ဒီစနစ်ကို အသုံးပြုနိုင်တာကြောင့် ဒီနည်းပညာရဲ့ ကျယ်ပြန့်လာနိုင်ခြေက ပိုများနေပါတယ်။

သုတေသီတွေက လူ ၁၄ ယောက်ကို မတူညီတဲ့အဝတ်အစားတွေ ဝတ်ဆင်စေပြီး စမ်းသပ်ခဲ့ရာမှာတောင် အောင်မြင်ခဲ့တာကြောင့် ဒီနည်းပညာရဲ့ တိကျမှုကို ခန့်မှန်းနိုင်ပါတယ်။

Ref : Fossbytes