အမေရိကန်ရဲ့ တင်းကျပ်တဲ့ ပို့ကုန်ထိန်းချုပ်မှုတွေ ရှိနေပေမယ့်၊ NVIDIA ရဲ့ စွမ်းဆောင်ရည်မြင့် B200 Chip တွေကို ဒေါ်လာ ၁ ဘီလီယံဖိုးကျော် တရုတ်နိုင်ငံထဲကို မှောင်ခိုတင်သွင်းခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

Nvidia AI chips worth $1bn smuggled to China after Trump export controls :  r/China_News

H20 လို AI Chip တွေကို ၂၀၂၅ ခုနှစ် ဧပြီလမှာ အမေရိကန်က ပိတ်ပင်ခဲ့ပြီးနောက်ပိုင်း၊ ကြီးမားတဲ့ မှောင်ခိုဈေးကွက်တစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။ အဲဒီဈေးကွက်ထဲမှာ ရောင်းချသူတွေက Douyin လို ပလက်ဖောင်းတွေပေါ်မှာ GPU တွေကို ပေါ်ပေါ်တင်တင် ကြော်ငြာရောင်းချနေကြတာပါ။

Nvidia's Chief Says U.S. Chip Controls on China Have Backfired - The New  York Times

အခုအခါမှာ အဲဒီ Chip တွေဟာ တရုတ် AI ကုမ္ပဏီတွေရဲ့ data center တွေကို စွမ်းအားဖြည့်ပေးနေပြီး၊ တရားဝင် support နဲ့ အာမခံချက်တွေတော့ မရရှိပါဘူး။

NVIDIA ဘက်က ဒီကိစ္စမှာ ပါဝင်ပတ်သက်မှုမရှိဘူးလို့ ငြင်းဆိုထားပေမယ့်၊ ဝေဖန်သူတွေကတော့ အမေရိကန်ရဲ့ တင်းကျပ်မှုတွေဟာ မှောင်ခိုရောင်းဝယ်ရေးကို မြေအောက်ကို တွန်းပို့လိုက်သလိုဖြစ်ပြီး၊ တရုတ်နိုင်ငံရဲ့ ကိုယ်ပိုင် Chip ဂေဟစနစ် တည်ဆောက်ရေး ကြိုးပမ်းမှုကို ပိုပြီးအရှိန်မြှင့်ပေးလိုက်တာပဲလို့ ဆိုပါတယ်။ ဒီအချက်က ပို့ကုန်ထိန်းချုပ်မှုတွေရဲ့ ထိရောက်မှုအပေါ် မေးခွန်းအသစ်တွေ ထပ်မံပေါ်ပေါက်လာစေပါတယ်။

Ref : Fossbytes