ရှန်ဟိုင်း အီလက်ထရစ် (Shanghai Electric) က WAIC 2025 မှာ သူတို့ရဲ့ ပထမဆုံး စက်မှုလုပ်ငန်းသုံး လူတူစက်ရုပ်ဖြစ်တဲ့ ဆူယွမ် (SUYUAN) ကို မိတ်ဆက်ပြသလိုက်ပါတယ်။

Shanghai Electric unveils Suyuan, its first industrial humanoid robot

အရပ် ၅ ပေ ၆ လက်မနဲ့ ကိုယ်အလေးချိန် ၅၀ ကီလိုဂရမ်ရှိတဲ့ အဲဒီစက်ရုပ်မှာ လွတ်လပ်စွာ လှုပ်ရှားနိုင်တဲ့ အဆစ်အဆက် ၃၈ ခု ပါဝင်ပြီး တစ်စက္ကန့်ကို တွက်ချက်မှု ၂၇၅ ထရီလီယံအထိ လုပ်ဆောင်နိုင်တဲ့ AI ပရိုဆက်ဆာကို တပ်ဆင်ထားပါတယ်။ သူက သွားလာလှုပ်ရှားဖို့အတွက် LiDAR နဲ့ ကင်မရာနှစ်လုံးသုံး ရုပ်မြင်သံကြားစနစ်ကို အသုံးပြုပြီး အလေးချိန် ၁၀ ကီလိုဂရမ်အထိ မနိုင်ပါတယ်။

WAIC 2025: Shanghai Electric Lansir Robot Humanoid Industri Perdana, "SUYUAN",  Memajukan Manufaktur Pintar Generasi Baru - ANTARA News

ဆူယွမ်ရဲ့ အထင်ကြီးစရာကောင်းတဲ့ စွမ်းရည်က သေတ္တာကိုင်တွယ်နိုင်စွမ်းဖြစ်ပြီး ဂိုဒေါင်မှာ အလုပ်တွေ လုပ်ပေးနိုင်ပါတယ်။  အဆစ်အဆက်တွေကြောင့် ကုန်ပစ္စည်းတွေကို သယ်မတာ အလွန် အဆင်ပြေပါတယ်။

အဲဒီစက်ရုပ်က လူတွေပြောတဲ့ ဘာသာစကားကို နားလည်နိုင်ပြီး LLM တွေနဲ့ ချိတ်ဆက်နိုင်သလို တစ်နာရီကို ၅ ကီလိုမီတာနှုန်းနဲ့လည်း လမ်းလျှောက်နိုင်ပါတယ်။ ဒါ့အပြင် ရှန်ဟိုင်း အီလက်ထရစ်က လက်နှစ်ဖက်ပါတဲ့ LINGKE စက်ရုပ်ကိုလည်း မိတ်ဆက်ခဲ့ပြီး စက်ရုပ်နည်းပညာ တိုးတက်ရေးအတွက် Johnson Electric နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။

Ref : Fossbytes